မြန်မာနိုင်ငံနှင့် ဘိုဒိုဒေသကြား ကဏ္ဍစုံ၌ထိတွေ့ဆက်ဆံမှုများတိုးမြှင့်မည်

0
218

အိန္ဒိယနိုင်ငံ(အရှေ့မြောက်ပိုင်း)၊အာသံပြည်နယ်ရှိ ဘိုဒိုလန်းဒ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကောင်စီ ဥက္ကဌ H.E. Shri Pramod Boro ၏ဖိတ်ကြားချက်အရ Kokrajhar မြို့၌ ဖေဖော်ဝါရီ ၂၇ ရက်မှမတ် ၂ ရက်အထိကျင်းပသည့် ပထမအကြိမ် Bodoland International Knowledge Festival 2023 သို့ အိန္ဒိယနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးက အထူးဧည့်သည်တော်အဖြစ်တက်ရောက်ခဲ့သည်။

မြန်မာသံအမတ်ကြီးမှ ပထဝီအနေအထားနှင့်ယဉ်ကျေးမှုချင်းနီးစပ်သည့် မြန်မာနိုင်ငံနှင့် ဘိုဒိုဒေသတို့ကြား ကုန်သွယ်မှု၊ရင်းနှီးမြှုပ်နှံမှု၊ကမ္ဘာလှည့်ခရီးသွားနှင့်ပြည်သူချင်းထိတွေ့ဆက်ဆံမှုများ တိုးမြှင့်နိုင်မည့် အလားအလာများအား မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် မြန်မာသံအမတ်ကြီးသည် Bodoland International Knowledge Festival ၏ sideline အဖြစ် ဘိုဒိုတက္ကသိုလ်တွင် “Partnership for Sustainable Development Goals” ခေါင်းစဉ်ဖြင့်ပြုလုပ်သည့် ဆွေးနွေးပွဲသို့တက်ရောက်ခဲ့သည်။

ဆွေးနွေးပွဲတွင် အာသံပြည်နယ်အစိုးရဝန်ကြီးများ၊ Bodoland Territorial Region ဒေသကောင်စီမှအကြီးအကဲများနှင့်အဖွဲ့ဝင်များ၊ ပါမောက္ခများနှင့်သုတေသီများနှင့်အတူ ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုအတွက် ပူးပေါင်းဆောင်ရွက်နိုင်မှုအခြေအနေများကို ဆွေးနွေးခဲ့သည်။

ပွဲတော်သို့ အာသံပြည်နယ်ဝန်ကြီးချုပ် Hon’ble Himanta Biswa Sarma ၊ အိန္ဒိယပြည်ပရေးရာ ဝန်ကြီးဌာနနှင့်ပညာရေးဝန်ကြီးဌာန ဒု-ဝန်ကြီး H.E. Dr. Rajkumar Ranjan Singh နှင့်တာဝန်ရှိသူများ၊အိန္ဒိယနိုင်ငံအနှံ့အပြားရှိ တက္ကသိုလ်များမှအဓိပတိများ၊ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ နိုဘယ်ဆုရှင် Muhammad Yunus၊ နိုင်ငံပေါင်း ၁၄ နိုင်ငံမှ ပ ညာရှင်များ၊ သုတေသီများ၊ Bodoland နှင့်အရှေ့မြောက်ဒေသများမှ ပညာရှင်များ၊သုတေသီများ၊ နိုင်ငံရေးသမားများ၊ ဖွံ့ဖြိုးရေးနယ်ပယ်တွင် ဆောင်ရွက်နေသူများ၊ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ၊ကျောင်းသားများတက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here