ကမ္ဘာ့ဖလားရပြီးနောက် အသင်းဖော်များနှင့် ဝန်ထမ်းများကို ရွှေအိုင်ဖုန်းများ လက်ဆောင်ပေးခဲ့သည့် မက်ဆီ

0
310

ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားတစ်ဦးဖြစ်သည့် မက်ဆီသည် ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် ဖလားရပြီးနောက် အသင်းဖော်နှင့် ဝန်ထမ်းများ စုစုပေါင်း ၃၅ ဦးကို ၂၄ ကာရက်ရွှေဖြင့် ဖုံးအုပ်ထားသော အိုင်ဖုန်းများကို လက်ဆောင်ပေးခဲ့ကြောင်း သိရသည်။

မက်ဆီသည် အဆိုပါရွှေအိုင်ဖုန်း ၃၅ လုံးအတွက် စတာလင်ပေါင် ၁ သိန်း ၇ သောင်းခွဲ အသုံးပြုခဲ့သည်ဟု သတင်းများတွင် ဖော်ပြထားသည်။

မက်ဆီသည် သူ၏ အသင်းဖော်များနှင့် ဝန်ထမ်းများအား ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ကြိုးစားအားထုတ်ခဲ့သည်များကို ဂုဏ်ပြုလိုသဖြင့်လည်းကာင်း၊ ဖလားရရှိသည့်အပေါ် အောင်ပွဲခံသည့်အနေဖြင့်လည်းကောင်း အမှတ်တရ လက်ဆောင်ပေးလို၍ လည်းကောင်းယခုကဲ့သို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။

”မက်ဆီဟာ ကမ္ဘာ့ဖလားအနိုင်ရတာကို ဂုဏ်ပြုဖို့ အသင်းဖော်တွေနဲ့ ဝန်ထမ်းတွေအားလုံးကို ပုံမှန်ပေးနေကျ နာရီလက်ဆောင်မျိုး မဟုတ်ဘဲ အထူးလက်ဆောင် ပေးချင်ခဲ့ပါတယ်။ ဒါကြောင့် သူဟာ မက်ဆီကို အသင်းဖော်တွေရဲ့ နာမည်တွေကို ရွှေနဲ့ လုပ်ထားတဲ့အိုင်ဖုန်းပေါ် မှာ ရေးထွင်းပြီး ပေးလိုက်ဖို့ အကြံပေးခဲ့ပြီး အဲအကြံကို မက်ဆီက သဘောကျခဲ့ပါတယ်” ဟု ထိုအိုင်ဖုန်းများအား ဒီဇိုင်းရေးဆွဲပေးသူ iDesign Gold ကုမ္ပဏီ စီအီးအို ဘန်လိုင်ယွန်က ပြောခဲ့သည်။

အဆိုပါရွှေအိုင်ဖုန်း တစ်လုံးစီတိုင်းတွင် အာဂျင်တီးနား ဘောလုံးအသင်း၏ တံဆိပ်နှင့် ဆင်တူသော ဒီဇိုင်းများပါရှိပြီး ကစားသမားတစ်ဦးစီ၏ နာမည်နှင့် နံပါတ်များကိုလည်း အသေးစိတ် ထည့်သွင်းထားကာ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားချန်ပီယံဟူသော စာသားကိုလည်း ရေးထိုးထားကြောင်း သတင်းများတွင် ဖော်ပြထားသည်။

Source: WION


LEAVE A REPLY

Please enter your comment!
Please enter your name here