မလေးရှားရေကြီး၊ သုံးဦးသေ၊ သုံးသောင်းခွဲကျော် ဘေးလွတ်ရာရှောင်နေရ

0
194

ကွာလာလမ်ပူ၊မတ် ၃

မလေးရှားနိုင်ငံ၌ မိုးသည်းထန်စွာအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်ကာလူသုံးဦးထက်မနည်း သေဆုံးပြီး သုံးသောင်းခွဲကျော်သည် ဘေးလွတ်ရာသို့ရှောင်နေရကြောင်းသိရသည်။

ရေဘေးရှောင်များအတွက် ဂျိုဟာ၌ ယာယီစခန်း ၂၀၉ ခုဖွင့်လှစ်ပေးထားပြီး ယနေ့မတ်လ ၃ ရက်အထိ စုစုပေါင်း ၃၁,၈၆၅ ဦးသည် ယာယီစခန်းသို့ ရောက်ရှိနေပြီဟု သဘာဝဘေးစီမံခန့်ခွဲရေးအေဂျင်စီကပြောကြားခဲ့သည်။

အခြားပြည်နယ်များ၌လည်း ယာယီကယ်ဆယ်ရေးစခန်းများကို ဖွင့်လှစ်ထားပြီး ရေဘေးရှောင်များအား ကူညီပေးလျက်ရှိကြောင်းသိရသည်။

ရေကြီးမှုကြောင့်သေဆုံးသူ အရေအတွက်သည် သုံးဦးအထိမြင့်တက်လာကာ အမျိုးသားတစ်ဦးနှင့် အသက် (၇၀) အရွယ် သက်ကြီးပိုင်းနှစ်ဦးတို့ဖြစ်သည်။ပထမသေဆုံးသည့်အမျိုးသားသည် ရေကြီးမှုကြောင့်၎င်း၏ကားနှင့်အတူမျောသွားခြင်းဖြစ်သည်ဟုဆိုသည်။

ကျန်သက်ကြီးပိုင်းနှစ်ဦးမှာမူ တစ်ယောက်တည်းနေထိုင်သူများဖြစ်ကြပြီး ရေတက်လာချိန်ပြောင်းရန်ခေါ်သော်လည်း အခြေနေတအားမဆိုးနိုင်ပါဘူးဟုဆိုကာ နေအိမ်တွင်ကျန်နေခဲ့ကြသဖြင့် အသက်ဆုံးရှုံးခဲ့ကြရခြင်းဖြစ်သည်ဟုပတ်ဝန်းကျင်မှလူများကပြောကြားခဲ့သည်။

မလေးရှားနိုင်ငံ၌ နိုဝင်ဘာလမှမတ်လအတွင်းတိုက်ခတ်သည့် အရှေ့မြောက်မုတ်သုံရာသီဥတုကြောင့် ရေကြီးရေလျှံခြင်းသည် နှစ်စဉ်ဖြစ်ရိုးဖြစ်စဉ်တစ်ခုပမာလည်းဖြစ်သည်ဟုဆိုသည်။

Source : CNA


LEAVE A REPLY

Please enter your comment!
Please enter your name here