Space X အာကာသယာဉ်ဖြင့် သယ်ဆောင်လာသော ယာဉ်မှူး ၄ဦးကို ISS သို့ အောင်မြင်စွာ လွှဲပြောင်းပြီးဖြစ်

0
252

အမေရိကန် အာကာသယာဉ်မှူးနှစ်ဦး၊ ရုရှားအာကာသယာဉ်မှူးတစ်ဦးနှင့် အာရပ်စော်ဘွားများပြည်ထောင်စု အာကာသယာဉ်မှူးတစ်ဦးတို့ လိုက်ပါလာခဲ့သည့် SpaceX Crew Dragon အာကာသယာဉ်သည် နိုင်ငံတကာအာကာသစခန်း (ISS) သို့ သောကြာနေ့အစောပိုင်းက ဘေးကင်းစွာ ဆိုက်ရောက်ခဲ့ပြီး၊ အာကာသယာဉ်မှူးများကို ISS ဆီသို့ အောင်မြင်စွာ လွှဲပြောင်းပေးလိုက်ပြီဖြစ်သည်။

ယင်းအာကာသယာဉ်မှူး ၄ ဦးတို့သည် သိပ္ပံမစ်ရှင်တစ်ခုအတွက် ISS တွင်ခြောက်လကြာသည်အထိ နေထိုင်သွားကြမည်ဖြစ်သည်။

Endeavor ဟု အမည်ပေးထားသည့် Space X ဒုံးပျံကို သောကြာနေ့ နံနက် ၀၆း၄၀ GMT တွင် ဖလော်ရီဒါပြည်နယ်၊ Cape Canaveral ရှိ NASA ၏ Kennedy အာကာသစခန်းမှ လွှတ်တင်ပြီး ၂၅ နာရီအကြာတွင် ISS အာကာသစခန်းသို့ ဆိုက်ကပ်ခဲ့ခြင်းဖြစ်သည်။

ISS နှင့် SpaceX Crew Dragon အာကာသယာဉ်တို့သည် တစ်နာရီလျှင် မိုင် ၁၇၅၀၀ မြန်နှုန်းဖြင့် အရှေ့အာဖရိကကမ်းရိုးတန်းကိုဖြတ်၍ ကမ္ဘာမြေပြင်အထက် မိုင် ၂၅၀ အမြင့်တွင် ပူးတွဲပျံသန်းနေကြစဉ် အာကာသယာဉ်မှူးများကို လွှဲပြောင်းပေးလိုက်ခြင်းဖြစ်ကြောင်း NASA ၏ ဝက်ဘ်ဆိုဒ်မှ တိုက်ရိုက်ထုတ်လွှင့်မှုအရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here