ရန်ကုန်-မန္တလေး အမြန်လမ်းတွင် အဝေးပြေးခရီးသည်တင်(Express)ကားတိမ်းမှောက်၊ ၅ ဦးသေဆုံး ၃၀ ဦးဒဏ်ရာရ

0
360

ယနေ့နံနက်အစောပိုင်း ၅ နာရီခွဲခန့်က ရေတာရှည်မြို့နယ်ရှိ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ သာဂရအမြန်လမ်းမီးသတ်စခန်းအပိုင် မိုင်တိုင်အမှတ် ၁၆၇ တွင် ရန်ကုန်-တောင်ကြီးပြေးဆွဲပေးနေသည့် ခရီးသည်တင်(Express)ကား တိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်အား သာဂရအမြန်လမ်းမီးသတ်စခန်း၊သာဂရအမြန်လမ်းရဲတပ်ဖွဲ့နှင့်လူမှုကူညီရေးအသင်းဝင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများသွားရောက်ပြုလုပ်ခဲ့ကြသည်။

ခရီးသည်တင်(Express)ကားတိမ်းမှောက်မှုကြောင့် ၅ ဦးမှာ ထိခိုက်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး အမျိုးသား၊အမျိုးသမီး ၃၀ ဦးတွင်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ကြသဖြင့် ဆွာဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“လူနာတွေကို ဆွာဆေးရုံပို့ထားတယ် အဲဒီထဲကပြင်းထန်လူနာတွေကိုတော့ နေပြည်တော်ဆေးရုံကို လွှဲပြောင်းပေးဖို့စီစဥ်နေပါတယ် ရန်ကုန်- တောင်ကြီးကားပါ ဖြစ်စဥ်ကို 192 Call Center ကိုဖုန်းဆက်ပြီးအကြောင်းကြားခဲ့တာပါ”ဟု တာဝန်ရှိသူတစ်ဦးကပြောသည်။

သာဂရအမြန်လမ်းရဲတပ်ဖွဲ့မှ ခရီးသည်တင် (Express)ကားတိမ်းမှောက်ရသည့် ဖြစ်စဥ်အားစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here