မီးလောင်နေတဲ့ အိမ်ထဲမှာပိတ်မိနေတဲ့ ၁ နှစ်သား ကလေးမကို ကယ်ဆယ်ခဲ့တဲ့ ခွေးလေး ဘလူး

0
293

ဘလူး လို့ခေါ်တဲ့ ခွေးဘီလူးနဲ့ လာဗရာဒါခွေးတို့ကို မျိုးစပ်မွေးထားတဲ့ ခွေးလေးဟာ မီးလောင်နေတဲ့ အိမ်မှာ ပိတ်မိနေတဲ့ ပိုင်ရှင်ဖြစ်သူရဲ့ တစ်နှစ်သားအရွယ် သမီးလေးကို ကယ်ဆယ်တဲ့နေရာမှာ ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ အမေရိကန်နိုင်ငံ ဒက်ထရွိုက်မြို့အရှေဘက်ခြမ်း၊ ဘဲနစ်တိုလမ်းမှာရှိတဲ့ မိသားစုနှစ်စုပေါင်းနေတဲ့ နှစ်ထပ်အိမ်ဟာ အိမ်အောက်ထပ်မှာနေတဲ့ ကလေးတစ်ယောက်ရဲ့ မီးဆော့ကစားမှုကြောင့် မီးထလောင်ခဲ့ပါတယ်။

အဲဒီလို မီးလောင်နေတဲ့အချိန်မှာ အပေါ်ထပ်မှာ ခွေးလေး ဘလူးနဲ့ အတူထားခဲ့တဲ့ ဂျနက်ကယ်လီရဲ့သမီးလေး ချန်တယ် ဟာ ပုခက်လိုမျိုး ကလေးကစားတဲ့ နေရာမှာ ပိတ်မိနေခဲ့ပါတယ်။

အဖေဖြစ်သူနဲ့ ကျန်ကလေးနှစ်ယောက်ဟာ ဈေးဝယ်ထွက်နေခဲ့တဲ့အတွက် ခွေးလေးနဲ့ ချန်တယ် နှစ်ယောက်တည်း အိမ်မှာကျန်ခဲ့တာပါ။

ဘလူးဟာ မီးသတ်သမားတွေ ရောက်မလာမချင်း သမီးလေးအနားကနေ မခွာခဲ့ဘူးလို့ ကယ်လီ က ပြောပါတယ်။ မီးသတ်သမားတွေ မီးလာသတ်တဲ့အခါ ဘလူးဟာ သူတို့ဆီကို ပြေးထွက်လာပြီး အကူအညီတောင်းကာ ချန်တယ် ရှိတဲ့နေရာကို လမ်းပြပေးခဲ့တယ်လို သိရပါတယ်။

ဘလူးဟာ သူ့သမီးလေးရဲ့ ကယ်တင်ရှင်ဖြစ်ပြီး သူတို့မိသားစုအပေါ်ကိုလည်း အရမ်းအကာအကွယ်ပေးတတ်တဲ့ခွေးလေးပါလို့ ကယ်လီက ဒက်ထရွိုက် ဖရီး သတင်းစာကို ပြောလာပါတယ်။

ကံကောင်းလို့ ဘယ်သူမှ ဒဏ်ရာမရခဲ့ပေမယ့် အိမ်မီးလောင်သွားလို့ အရာအားလုံး ဆုံးရှုံးသွားတဲ့ ကယ်လီတို့ မိသားစုဟာ အခုလက်ရှိမှာ ဗင်ကားလေးထဲမှာ နေနေရတယ်လို့ သိရပါတယ်။

Source: Daily Mail


LEAVE A REPLY

Please enter your comment!
Please enter your name here