Sunday, March 23, 2025

မြန်မာ-အိန္ဒိယ IT ကဏ္ဍပူးပေါင်းမြှင့်တင်ရေးဆိုင်ရာ MoU...

၂၀၀၇ ခုနှစ်ကစတင်ရေးထိုးခဲ့သည့် မြန်မာ-အိန္ဒိယ IT ကဏ္ဍပူးပေါင်းမြှင့်တင်ရေးဆိုင်ရာ MoU သက်တမ်းတိုးမြှင့်စာလဲလှယ်ခြင်းကို မတ် ၂၁ ရက်မွန်းလွဲပိုင်းက နေပြည်တော်၌ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒု-ဝန်ကြီးဦးအောင်ဇေယျတက်ရောက်ခဲ့သည်။ ထိုသို့...

၂၀၂၅ ခုနှစ်သည် အပူဆုံးနှစ်များထဲမှ တစ်နှစ်ဖြစ်လာနိုင်

၂၀၂၅ ခုနှစ်သည် အပူဆုံးနှစ်များထဲမှ တစ်နှစ်ဖြစ်လာနိုင်ခြေရှိ‌ကြောင်း ရုရှားနိုင်ငံ ရာသီဥတုနှင့် ဇလဗေဒဆိုင်ရာ စင်တာ (Hydrometeorological Center) ၏ သုတေသနညွှန်ကြားရေးမှူး Roman...

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် မြန်မာဘောက်ဆင်ကစားသမားများ...

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၃) ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲ(ဆီးဂိမ်း) အတွက် မြန်မာဘောက်ဆင်သမားများ စတင်လေ့ကျင့်ပြင်နေပြီဖြစ်ကြောင်း မြန်မာဘောက်ဆင်အဖွဲ့ချုပ်ထံက သိရသည်။ လက်ရှိ လက်ရွေးစင်ကစားသမားများအနေဖြင့်...

ရေအားလျှပ်စစ်ထုတ်လုပ်နိုင်ရေးအတွက် သတ်မှတ်ရှာဖွေထားသည့်နေရာများတွင် အနိမ့်တမံများကိုအမြန်ဆောင်ရွက်ရန် နစက...

ရေအားလျှပ်စစ်ထုတ်လုပ်နိုင်ရေးအတွက် သတ်မှတ်ရှာဖွေထားသည့်နေရာများတွင် အနိမ့်တမံများကိုအမြန်ဆောင်ရွက်ရန် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ မတ် ၂၂ ရက်နံနက်ပိုင်းက နေပြည်တော်၌ ကျင်းပသည့်...
HomeNewsLocal Newsကုမ္ပဏီ/စက်ရုံပေါင်း ၁၂၄၄ ခု...

ကုမ္ပဏီ/စက်ရုံပေါင်း ၁၂၄၄ ခု GACC တွင်မှတ်ပုံတင်ရန် လျှောက်ထားပြီးဖြစ်

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ မတ်လ ၃ ရက်နေ့အထိ ကုမ္ပဏီ/ စက်ရုံ(၁၂၄၄)ခုမှ ပေးပို့ထားသည့် စောင်ရေစုစုပေါင်း (၂၂၃၅) စောင်အား မှတ်ပုံတင်ရန် လျှောက်ထားပြီးဖြစ်ကြောင်း ပြည်တွင်းကုန်သွယ်မှုဌာနခွဲမှ သိရသည်။

အဆိုပါ မှတ်ပုံတင်လျှောက်ထားသည့်ကုမ္ပဏီ/စက်ရုံများတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ကုမ္ပဏီ (၁၁၀၃)ခု၊ စောင်ရေ (၂၀၉၄) စောင်၊ ငါးလုပ်ငန်းဦးစီးဌာနမှ ကုမ္ပဏီ/ စက်ရုံ (၁၁၈) ခု၊ စောင်ရေ (၁၁၈) စောင်၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ကုမ္ပဏီ (၁၄) ခု၊ စောင်ရေ (၁၄) စောင်နှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ကုမ္ပဏီ (၉) ခု၊ စောင်ရေ (၉)စောင် ဖြစ်ကြောင်းသိရသည်။

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့အထိ မြန်မာနိုင်ငံမှ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (GACC)တွင် Competent Authority ထောက်ခံချက်လိုသည့် ကုန်စည်အုပ်စုနှင့် ကိုယ်တိုင်ဝင်ရောက်လျှောက်ထားသည့် ကုန်စည်အုပ်စုအပါအဝင်စုစုပေါင်းစောင်ရေ (၁၈၂၆) စောင်အား မှတ်ပုံတင်ခွင့်ပြုထားပြီးဖြစ်ကြောင်း သိရသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (General Administration of Customs of China-GACC) ၏ ကြေညာချက်အမှတ် (၂၄၈) နှင့် (၂၄၉) တို့အရ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှစတင်၍ မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့စားသောက်ကုန်တင်ပို့ မည့်/ တင်ပို့လျက်ရှိသည့် လုပ်ငန်းရှင်များအနေဖြင့် GACC တွင် မှတ်ပုံတင်ပြီးမှသာလျှင် တင်ပို့ခွင့် ရရှိမည်ဖြစ်သည်။

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တင်ပို့မည့်ကုန်စည်အမျိုးအစား(၄)ခုဖြစ်သည့် အသားနှင့် အသားထုတ်ကုန်များ၊ ရေထွက်ကုန်များ၊ နို့ထွက်ပစ္စည်းများ၊ ငှက်သိုက်နှင့် ဆက်စပ်ထုတ်ကုန်များဖြစ်ကြောင်း၊ ကုန်စည်အမျိုးအစား (၁၄) ခုဖြစ်သည့် အစာသွပ်ရန်အသုံးပြုသည့် အပေါ်ခွံအစွပ်၊ ပျားရည်နှင့် ပျားထွက်ပစ္စည်း၊ ဥနှင့်ဥထုတ်ကုန်များ၊ စားသုံးဆီ၊ အပြင်အသားအား ဂျုံသားဖြင့်ပြုလုပ်ထားပြီး စားသုံးနိုင်သည့် သို့မဟုတ် အေးခဲထားသည့် ထုတ်ကုန်များ၊ စားသုံးနိုင်သောအစေ့အဆံများ၊ ကြိတ်ခွဲသီးနှံထွက်ကုန်များနှင့်မုယောစပါး၊ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ၊ ရေဓာတ် ထုတ်ထားသော ဟင်းသီးဟင်းရွက်များနှင့် ပဲခြောက်များ၊ အနံ့အရသာအတွက် အသုံးပြုသော ဟင်းခတ်အမွှေးအကြိုင်များ၊ အခွံမာသီးနှင့်အစေ့အဆံများ၊ သစ်သီးခြောက်များ၊ မလှော်ထားသော ကော်ဖီနှင့် ကိုကိုးစေ့များ၊ အထူးအာဟာရအစားအသောက်များ၊ ကျန်းမာရေးဖြည့်စွက်စာများ စုစုပေါင်းကုန်စည်အမျိုးအစား(၁၈)အုပ်စုတို့ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အကောက်ခွန်အထွေထွေ အုပ်ချုပ်မှုအာဏာပိုင်အဖွဲ့တွင် မှတ်ပုံတင်ရမည် ဖြစ်ကြောင်းအသိပေးထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြန်မာ-အိန္ဒိယ IT ကဏ္ဍပူးပေါင်းမြှင့်တင်ရေးဆိုင်ရာ MoU သက်တမ်းတိုးမြှင့်စာလဲလှယ်

၂၀၀၇ ခုနှစ်ကစတင်ရေးထိုးခဲ့သည့် မြန်မာ-အိန္ဒိယ IT ကဏ္ဍပူးပေါင်းမြှင့်တင်ရေးဆိုင်ရာ MoU သက်တမ်းတိုးမြှင့်စာလဲလှယ်ခြင်းကို မတ် ၂၁ ရက်မွန်းလွဲပိုင်းက နေပြည်တော်၌ကျင်းပရာ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒု-ဝန်ကြီးဦးအောင်ဇေယျတက်ရောက်ခဲ့သည်။ ထိုသို့ တက်ရောက်ပြီးနောက် ယနေ့ခေတ် Digital Transformation ဆိုင်ရာ IT ဖွံ့ဖြိုးမှုတိုးတက်မှုအရွေ့များမြန်ဆန်လျက်ရှိ၍ အမီလိုက်ပါနိုင်အောင် ဆောင်ရွက်ရာတွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုသည် အရေးပါသောအခန်းကဏ္ဍမှပါဝင်သည်ဟု ပြောသည်။ ထို့ပြင် ယနေ့လဲလှယ်မှုမှ AI ၊ Cybersecurity၊ Big Data၊ Cloud Computing စသည့် ထွန်းသစ်စ IT နည်းပညာများဆိုင်ရာ လူ့စွမ်းအားရင်းမြစ်များမွေးထုတ်ခြင်း၊ သုတေသနအတွေ့အကြုံများဖလှယ်ခြင်း၊...

၂၀၂၅ ခုနှစ်သည် အပူဆုံးနှစ်များထဲမှ တစ်နှစ်ဖြစ်လာနိုင်

၂၀၂၅ ခုနှစ်သည် အပူဆုံးနှစ်များထဲမှ တစ်နှစ်ဖြစ်လာနိုင်ခြေရှိ‌ကြောင်း ရုရှားနိုင်ငံ ရာသီဥတုနှင့် ဇလဗေဒဆိုင်ရာ စင်တာ (Hydrometeorological Center) ၏ သုတေသနညွှန်ကြားရေးမှူး Roman Vilfand က တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ပြောကြားခဲ့သည်။ "၂၀၂၅ ခုနှစ်သည် အပူဆုံးနှစ်များထဲမှ တစ်နှစ်ဖြစ်လာနိုင်ခြေရှိပါသည်။ ယင်းအကြောင်းရင်းမှာ မကြာသေးမီနှစ်များအတွင်း ဖန်လုံအိမ်ဓာတ်ငွေ့များ ပိုမိုများပြားလာခြင်းကြောင့် ရာသီဥတုမှာ တဖြည်းဖြည်း ပိုမိုပူနွေးလာခြင်းကြောင့်ဖြစ်သည်။ ဝမ်းနည်းစရာကောင်းသည်မှာ ဤဖြစ်စဉ်ကို ယခုထိတိုင် တည်ငြိမ်အောင် မထိန်းနိုင်သေးပါ။ ထို့အပြင် သမုဒ္ဒရာများအထက်ရှိ လေထုအလွှာသည် အလွန်မြင့်မားနေဆဲဖြစ်ပြီး ၎င်း၏ လှုပ်ရှားမှုရှိသော အလွှာ...

(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲအတွက် မြန်မာဘောက်ဆင်ကစားသမားများ စတင်လေ့ကျင့်ပြင်နေ

ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၃) ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲ(ဆီးဂိမ်း) အတွက် မြန်မာဘောက်ဆင်သမားများ စတင်လေ့ကျင့်ပြင်နေပြီဖြစ်ကြောင်း မြန်မာဘောက်ဆင်အဖွဲ့ချုပ်ထံက သိရသည်။ လက်ရှိ လက်ရွေးစင်ကစားသမားများအနေဖြင့် အပတ်စဉ် စနေ့နေ့တိုင်း နေပြည်တော် Gold Camp ၌ လေ့ကျင့်ပြင်နေခြင်းဖြစ်သည်ဟုဆိုသည်။ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ (၉) ရက်မှ (၂၀)ရက်အထိ ထိုင်းနိုင်ငံရှိ မြို့(၃)မြို့၌ ကျင်းပသွားမည်ဖြစ်သည်။ ပြိုင်ပွဲနီးလာသည့်အတွက် အားကစားနည်းများ အလိုက် အားကစားကွင်း/ အားကစားရုံများ ပြုပြင်ထိန်းသိမ်းရေး၊ စခန်းဝင်လေ့ကျင့်နေသည့် အားကစားသမားများ၏ လေ့ကျင့်ရေးနှင့် နေထိုင်စားသောက်ရေး၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071