မြန်မာ့ရိုးရာလက်ဝှေ့ မြန်မာပြည်ချန်ပီယံဟောင်းရွှေဓူဝံ ယနေ့နံနက်ပိုင်းက အမြန်လမ်းကား​မှောက်မူတွင်ပါဝင်ကွယ်လွန်သွား

0
609

မြန်မာ့ရိုးရာလက်ဝှေ့ မြန်မာပြည်ချန်ပီယံဟောင်းရွှေဓူဝံသည် မတ် ၄ ရက်(ယနေ့)နံနက် ၅ နာရီခွဲခန့်က မတော်တဆမှုဖြစ်စဥ်ကြောင့် ကွယ်လွန်သွားခဲ့သည်ဟု သုဝဏ္ဏဘုမိရိုးရာလက်ဝှေ့အသင်း(သထုံ)မှ သိရသည်။

မြန်မာပြည်ချန်ပီယံဟောင်းရွှေဓူဝံသည် ယနေ့နံနက်အစောပိုင်း ၅ နာရီခွဲခန့်က ရေတာရှည်မြို့နယ်ရှိ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ သာဂရအမြန်လမ်းမီးသတ်စခန်းအပိုင်တွင် ဖြစ်ပွားခဲ့သည့် “ဒို့ညီနောင်”အ‌ဝေးပြေးခရီးသည်တင်(Express)ကား တိမ်းမှောက်မှုဖြစ်စဥ်၌ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဟုတ်ပါတယ် ရွှေဓူဝံသေဆုံးသွားပါတယ် အခြားကိစ္စတစ်ခုနဲ့သွားပြီးပြန်လာတဲ့အချိန်မှာ မတော်တဆဖြစ်စဥ်မှာပါပြီး သေဆုံးသွားတာပါ”ဟု သုဝဏ္ဏဘုမိရိုးရာလက်ဝှေ့အသင်း(သထုံ)၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

“ဒို့ညီနောင်” အဝေးပြေးခရီးသည်တင်(Express) ကားသည် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၏ ၁၆၇/၄ နှင့် ၁၆၇/၅ ကြားတွင် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကာရံထားသည့် GUARD RAIL တန်းများအားတိုက်မိပြီး တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here