ပြည်သူ့အင်အားပါတီက မှတ်ပုံတင်ခွင့်လျှောက်ထား၊ နိုင်ငံရေးပါတီ ၁၄ ပါတီမှတ်ပုံတင်ပြီး၊ပါတီမှတ်ပုံတင်ရန် ၂၃ရက်သာကျန်

0
398

ပါတီမှတ်ပုံတင်ဥပဒေသစ်ကို ရွေးကောက်ပွဲကော်မရှင်ကဇန်နဝါရီလ ၂၆ ရက်နေ့ကအမိန့်ထုတ်ပြန်ခဲ့ရာ ရက်ပေါင်း ၆၀ အတွင်းနိုင်ငံရေးပါတီများအနေဖြင့် ပြန်လည်မှတ်ပုံတင်ရန်ရက်​ပေးထားသည်။

ရက်ပေါင်း ၃၇ ရက်အတွင်း ၁၄ ပါတီမှတ်ပုံတင်ခွင့်​လျောက်ထားပြီးဖြစ်ကာ မှတ်ပုံတင်ရန်၂၃ ရက်ကျန်သည်။

ပြည်သူ့အင်အားပါတီမှ နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်လျှောက်ထားခဲ့ပြီး စုစုပေါင်း ပါတီ ၁၄ ပါတီထိရှိလာပြီဖြစ်ကြောင်း UEC မှထုတ်ပြန်ထားသည်။

အဆိုပါ မှတ်ပုံတင်လျှောက်ထားခဲ့သည့် နိုင်ငံရေးပါတီတွေထဲမှ ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့် ပါတီ ၅ ပါတီ ပါဝင်ပြီး၊တိုင်းနှင့် ပြည်နယ်တစ်ခုအတွင်း စည်းရုံးမည့်ပါတီ ၉ ပါတီရှိကြောင်း ကော်မရှင်က ထုတ်ပြန်ထားသည်။

၎င်းတို့မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ၊ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ၊ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ ( MPD)၊ ပြည်ထောင်စုဒီမိုကရေစီပါတီ (Union Democracy Party)၊ ပအိုဝ်းအမျိုးသားအဖွဲချုပ် (PNO) ၊ ဒီမိုကရက်တစ်အင်အားစုလေဘာပါတီ၊ ဒီမိုကရေစီပါတီသစ်(ကချင်) နှင့် ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်၊ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ၊ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ရခိုင့်ဦးဆောင်ပါတီနှင့် ပြည်သူ့အင်အားပါတီ တို့ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here