ယခုနှစ် ရန်ကုန် သင်္ကြန်အား ပြည်သူ့ရင်ပြင်တွင် ဗဟိုမဏ္ဍပ်နှင့် မြို့တော်ခန်းမတွင် မဟာသင်္ကြန်မဏ္ဍပ်ပြုလုပ်သွားမည်

0
976

ယခုနှစ်သင်္ကြန်ပွဲတော်အား ပြည်သူများပျော်ရွှင်အေးချမ်းလုံခြုံစွာရေကစားနိုင်ရေး၊စည်ကားသိုက်မြိုက်စေရေးတို့နှင့်ပတ်သက်၍ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်စည်ကားသိုက် မြိုက်အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကိုမတ် ၄ ရက်မွန်းတည့် ၁၂ နာရီကပြုလုပ်ခဲ့သည်။

ယခုနှစ် သင်္ကြန်ရေသဘင်ပွဲတော်အား ပြည်သူများ ပျော်ရွှင်အေးချမ်းလုံခြုံစွာရေကစားနိုင်ရေးနှင့်စည်ကားသိုက်မြိုက်ရေးအတွက် ပြည်သူ့ရင် ပြင်တွင် ရန်ကုန်တိုင်း မဟာသင်္ကြန်ရေသဘင် ပွဲတော်ဗဟိုမဏ္ဍပ်နှင့်တိုင်းအဆင့်ဌာနဆိုင်ရာများ၏ ရေကစားမဏ္ဍပ်များ၊ဖျော်ဖြေရေးမဏ္ဍပ်များပြုလုပ်သွားမည်ဟု မြို့​တော်ဝန်က အစည်း​ဝေးတွင် ​ပြောကြား​ဆွေး​နွေးခဲ့သည်။

ထို့ပြင် ရန်ကုန်မြို့တော်မဟာသင်္ကြန်ရေသဘင်ပွဲတော်၏ ဂုဏ်ကိုဖော်ဆောင်နိုင်ရန် အစဉ်အလာနှင့်အညီ မြို့တော်ခန်းမတွင်လည်း ရန်ကုန်မြို့တော် မဟာသင်္ကြန်မဏ္ဍပ်ထားရှိမည်ဟုလည်း ပြောကြားခဲ့သည်။

“ခရိုင်အလိုက် ရေကစားမဏ္ဍပ်တွေ ယိမ်းအကအလှဖျော်ဖြေမှုတွေ ဆုချီးမြှင့်မှုတွေလည်း ပြုလုပ်သွားမှာပါ”ဟု ရန်ကုန်မြို့တော်ဝန်ဦးဗိုလ်ဌေးကပြောသည်။

ယခုနှစ် ရန်ကုန်မြို့တော်သင်္ကြန်ပွဲတော်တွင် မြို့တော်ခန်းမရှိ မဟာသင်္ကြန်မဏ္ဍပ်၌ ရုပ်ရှင်နှင့်ဂီတအနုပညာရှင်များ၏ ဂီတဖျော်ဖြေမှုများ၊သဘင်ပညာရှင်များ၏ မြန်မာ့ယဉ်ကျေးမှုအကအလှဖျော်ဖြေမှုများဖြင့် တင်ဆက်သွားမည်ဖြစ် သည်။

ထို့ပြင် တက္ကသိုလ်အဆင့်၊အခြေခံပညာအဆင့်၊မူကြိုကျောင်းများ၊ ရုံး/အခြားဌာနများ၊အလွတ်တန်းအဆင့်အလိုက် ၁၂ ဦး၊ ၁၆ ဦး၊ ၂၀ ဦးယိမ်းပြိုင်ပွဲများနှင့်တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအက
ဖျော်ဖြေမှုများလည်း ပါဝင်မည်ဖြစ်သည်။

ပုံစာ-၁၃၈၃ ခုနှစ်ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲအခမ်းအနား


LEAVE A REPLY

Please enter your comment!
Please enter your name here