ဂျပန်တွင် စွမ်းအင်ဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲ ကျင်းပခဲ့

0
140

ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှ မတ်လ ၂ ရက်နေ့အထိ (၅) ကြိမ်မြောက်  ဂျပန်စွမ်းအင် ထိပ်သီးအစည်းအဝေးနှင့် ပြပွဲကြီးကို သုံးရက်တာကျင်းပခဲ့သည်။

အဆိုပါ အစည်းအ​​ဝေးတွင် ဂျပန်နိုင်ငံ၏ ကမ္ဘာ့ ပထမဆုံး ရေအားစီးပွားရေးဖန်တီးနိုင်ရေးကို  အာရုံစိုက်ထားခြင်း၊ စွမ်းအင်လုံခြုံရေးအတွက် LNG နှင့် ဓာတ်ငွေ့၏ အရေးပါမှု၊ ဟိုက်ဒရိုဂျင်နှင့် အမိုးနီးယားသို့ကူးပြောင်းခြင်း၊ ကာဗွန်လျော့​စေသော အဖြေများကို အသုံးချခြင်းတို့ကို ဆွေးနွေးခဲ့ကြသည်။ 

ယင်းအပြင် နိုင်ငံတကာစွမ်းအင်အေဂျင်စီ(IEA)မှ ကိုယ်စားလှယ်က စွမ်းအင်အတွက်အရေးကြီးသည့် သင်ခန်းစာများဆွေးနွေးခဲ့ပြီး ဂျပန်စွမ်းအင်ပညာရှင်များမှ ဂျပန်နှင့်ကမ္ဘာတစ်ဝှမ်းတွင် သန့်ရှင်းသောရေနှင့် သန့်ရှင်းသော အမိုးနီးယားကို ထောက်ပံ့ပေးရေး၊ ဂျပန်စွမ်းအင်စျေးကွက်တွင် မတူကွဲဲပြားမှုနှင့် ကိုယ်စားပြုမှုကို မြှင့်တင်နိုင်မည့် နောက်ဆုံးပေါ် ခေတ်ရေစီးကြောင်းများနှင့် အခွင့်အလမ်းများကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ နိုင်ငံတကာမှ  စွမ်းအင်ဆိုင်ရာပုဂ္ဂိုလ် ၂၀၀၀ ကျော် တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံမှ ကုန်သည်စက်မှုအသင်းချုပ်ဗဟိုအလုပ်အမှုဆောင် ဦးဇေယျသူရမွန် လည်းပါဝင်တက်ရောက်ခဲ့ကြောင်းသိရသည်။

ဆွေးနွေးပွဲများအပြီးတွင် တက်ရောက်လာသော နိုင်ငံတကာမှ  စွမ်းအင်ကိုယ်စားလှယ်များနှင့် ချိတ်ဆက်ပြီး စီးပွားရေး ဆက်ဆံမှုများ ပိုမိုတိုးပွားလာစေရန် ကွန်ယက် တည်ဆောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here