ဖိလစ်ပိုင်တွင် ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် အခြားလူငါးဦး သေနတ်ဖြင့် ပစ်သတ်ခံရ

0
185

ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းရှိ ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် အခြားလူငါးဦးကို အမည်မသိ သေနတ်သမားများက မတ်လ ၄ ရက် စနေနေ့တွင် ပစ်သတ်သွားခဲ့ကြောင်း သိရသည်။

ပစ်ခတ်မှုမှာ နီဂရို့စ် အော်ရီရန်တယ် ပြည်နယ်၊ ပန်ပလိုနာမြို့ရှိ အသက် ၅၆ နှစ်အရွယ် ပြည်နယ်၏ အုပ်ချုပ်ရေးမှူး ရိုရယ် ဒီဂါမို၏ နေအိမ်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ရိုရယ် ဒီဂါမိုသည် မဲဆန္ဒရှင်များထံသို့ အကူအညီများ ဖြန့်ဝေပေးနေစဉ် သေနတ်သမား အများအပြားက သူ၏ အိမ်ထဲသို့ ဝင်ရောက်လာကာ ပစ်ခတ်သွားခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ကင်မ် လိုပတ်စ်က အေအက်ဖ်ပီ သတင်းဌာနသို့ ပြောခဲ့သည်။

ဒီဂါမိုသည် ပြီးခဲသည့်နှစ် ဒေသတွင်း ရွေးကောက်ပွဲများ ပြီးဆုံးပြီးနောက်ပိုင်း ပစ်သတ်ခံခဲ့ရသည့် တတိယမြောက် နိုင်ငံရေးသမားတစ်ဦးဖြစ်သည်။

ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ်က အဆိုဖြစ်ရပ်အား လုပ်ကြံသတ်ဖြတ်သည့် လုပ်ရပ်ဖြစ်သည်ဟုဆိုကာ လူသတ်သမားများကိုလည်း အမြန်ဆုံး အပြစ်ဒဏ်ပေးသွားရန် ကြိုးပမ်းသွားမည်ဟု ကတိပြုခဲ့သည်။

ဒီဂါမိုသည် ပြီးခဲသည့်လကမှ နီဂရို့စ် အော်ရီရန်တယ် ပြည်နယ်၏ တရားဝင် အုပ်ချုပ်ရေးမှူး ဖြစ်လာသူဖြစ်သည်။

Source: WION


LEAVE A REPLY

Please enter your comment!
Please enter your name here