ကုလအနေဖြင့် တောင်ကိုရီးယားနှင့်အမေရိကတို့၏စစ်ရေးလေ့ကျင့်မှုအား ရပ်တန့်ရန်တိုက်တွန်းသင့်သည်ဟု မြောက်ကိုရီးယားပြော

0
308

ဆိုးလ်၊မတ် ၅

အခြေအနေကိုထိန်းချုပ်ရန်ခက်ခဲစေပြီး တင်းမာမှုမြင့်လာနိုင်သည့်အတွက် တောင်ကိုရီးယားနှင့်အမေရိကတို့၏ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုအား တားမြစ်ပေးရန် မြောက်ကိုရီးယားကကုလထံတောင်းဆိုခဲ့ကြောင်း ၎င်း၏နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

တောင်ကိုရီးယား – အမေရိကန်မဟာမိတ်များ၏ စစ်ရေးလေ့ကျင့်မှုနှင့် လေလုံးထွားမှုများသည် လက်လွယ်စပယ်နိုင်ပြီး အဓိပ္ပာယ်မဲ့လွန်းသည်ဟုလည်း အဆိုပါထုတ်ပြန်ချက်၌ပါရှိသည်။

တောင်ကိုရီးယားနှင့်အမေရိကတို့သည် ယခုလအတွင်း ဆယ်ရက်ကျော်ကြာမည့် အကြီးစားစစ်ရေးလေ့ကျင့်မှုတစ်ခုအား နှစ်နိုင်ငံပူးပေါင်းလုပ်ေဆာင်မည်ဖြစ်ပြီး ကုန်း‌၊ရေနှစ်သွယ်စစ်ဆင်ရေးများလည်းပါဝင်မည်ဟု ထုတ်ပြန်ကြေငြာထားသည်။

အမေရိကနှင့်တောင်ကိုရီးယားတို့ကလည်း ကုလလုံခြုံရေးကောင်စီ၏တားမြစ်မှုကြားမှပင် အဖန်တလဲလဲစမ်းသပ်ပစ်လွှတ်နေသည့် မြောက်ကိုရီးယား၏ ဒုံးကျည်နှင့်နျူအစီအစဉ်များကိုတန်ပြန်ရန်အတွက် ပူးပေါင်းဆောင်ရွက်မှုကအရေးကြီးသည်ဟုတုံ့ပြန်ခဲ့သည်။

ကင်မ်ဂျုံအန်းကမူ ရန်လိုမှုအထင်အရှားပြနေသည်ကိုမြင်နေသည့်ကြားမှ ကုလအနေဖြင့် ငုတ်တုတ်ထိုင်ကြည့်နေသည်ကို အံ့ဩမိကြောင်းနှင့် ကုလအတွင်းရေးမှူးချုပ် မစ္စတာဂူတာရက်စ်သည် တရားမျှတမှုမရှိ ဘဲဘက်လိုက်လွန်းသည်ဟုလည်း ပြီးခဲ့သည့်လကဝေဖန်ခဲ့သေးသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here