ကုက္ကိုင်းလူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာမှ ကလေးများအတွက်လိုအပ်တဲ့ပစ္စည်း များနဲ့အလှူငွေများလှူဒါန်းခဲ့တဲ့ ခန့်စည်သူ 

0
862

ယနေ့ မတ်လ ၅ ရက်နေ့တပေါင်းလပြည့်နေ့မှာ သရုပ်ဆောင် ခန့်စည်သူ မှ ကုက္ကိုင်း လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ မိဘမဲ့ကလေးများကျောင်း အတွက်လိုအပ်တဲ့ ပစ္စည်း များနဲ့ အလှူငွေများလှူဒါန်းခဲ့တာဖြစ်ပါတယ်။ 

အဆိုပါအလှူနဲ့ပတ်သက်ပြီး ခန့်စည်သူက

“ကုက္ကိုင်း လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာ မိဘမဲ့ကလေးများကျောင်း မှာ ဆန်အခက်အခဲ ဖြစ်နေတယ်ဆိုပြီးဘုန်းဘုန်းမှ မိန့်တဲ့အတွက်ဆန်(၂၄) ပြည်ဝင်-၅ အိတ်၊ဆီ-၅ ပိဿာ၊ဆပ်ပြာတောင့်များ၊ကြက်သွန်နီ၊လက်ဖက်၊ကော်ဖီမှုန့်နှင့် အလှူငွေများပေးအပ်လှူဒါန်းခဲ့တာပါ” လို့ပြောပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here