နွေရာသီတွင် စက်သုံးဆီများ ပြသနာများ​​ကြောင့် ထိခိုက်မှု ​လျော့နည်း​စေ​ရေး ဆွေးနွေး

0
1005

နွေရာသီတွင်စက်သုံးဆီများ လုံလောက်စွာရရှိရေး၊စက်မှုဇုန်များအတွက် လျှပ်စစ်မီးရရှိမှု နှင့် စက်သုံးဆီများအလွယ်တကူ ဝယ်ယူရရှိမှုမရှိခြင်း၊ စျေးကွက်အတွင်း မလိုလားအပ်ပဲ စက်သုံးဆီ ဝယ်ယူစုဆောင်းမှု မဖြစ်ပေါ်စေရေး၊ ၊ ပုဂ္ဂလိကလုပ်ငန်းများ အထူးသဖြင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ထိခိုက်မှု မရှိစေရေးတို့အတွက် ​တွေ့ဆုံဆွေးနွေးပွဲလုပ်ခဲ့ကြသည်။

ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုမှန်ကန်မြန်ဆန်စေရေးလုပ်ငန်းကော်မတီ၊ ကုန်သည်စက်မှုအသင်းချုပ်၊ မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန်များ ပူးပေါင်း ကျင်းပသည့် ညှိနှိုင်းအစည်းအဝေးတွင် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

စက်မှုဇုန်များတွင် စက်သုံးဆီများလုံလောက်စွာရရှိရေး ၊ စက်သုံးဆီ ရောင်းချရေးလုပ်ငန်းများမှ လိုအပ်ချက်အရ ရောင်းချပေးနိုင်ရေး၊ စက်မှုဇုန်များအပြင် စက်မှုဇုန်ပြင်ပ SME လုပ်ငန်းများမှလည်း စက်သုံးဆီရရှိရေး၊ စက်သုံးဆီ သိုလှောင်မှုလိုအပ်ချက်များ၊စက်သုံးဆီရရှိသည့် လုပ်ငန်းများမှလည်း အမှန်တကယ် ရရှိစေရေး၊ ရောင်းချမည့်သူများမှလည်း အမှန်တကယ် ရောင်းချပေးနိုင်ရေး၊ စက်မှုဇုန်များမှ စက်မှုဇုန်လိုအပ်ချက်အရ သတ်မှတ်သည့်ပမာဏ၊ လိုအပ်ချက်ပြည့်ပြည့်ဝဝရရှိရေး တို့ကို အစည်းအဝေးတွင် တက်ရောက်လာသူများမှ ဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့ ကုန်သည်စက်မှုအသင်းချုပ် ဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများ၊ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများ မှန်ကန် မြန်ဆန်စေရေး လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း ရောင်းချ ဖြန့်ဖြူးရေးအသင်း ဥက္ကဋ္ဌ ၊စက်မှုဇုန်များမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ စက်သုံးဆီ တင်သွင်းဖြန့်ဖြူး ရောင်းချသည့်လုပ်ငန်းရှင်များ နှင့် တာဝန်ရှိသူများစုံလင်စွာ တက်ရောက်ခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here