“ပလတ်စတစ်ပေး ရွှေယူ”အစီအစဉ်ကြောင့် ပလတ်စတစ်ကင်းမဲ့ရွာလေးဖြစ်လာသည့် ကက်ရှ်မီးယားမှရွာလေး

0
230

တောင်ကက်ရှ်မီးယားပြည်နယ်ရှိ ရွာလေးတစ်ရွာ၌ ရွာခေါင်းဆောင်သည် သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းရန်အတွက် ထူးခြားသည့်အစီအစဉ်တစ်ခုအားစတင်ခဲ့သည်။ အဆိုပါအစီအစဉ်မှာ ရွာသားများအားပလပ်စတစ်အမှိုက်များစုစည်းခိုင်းကာ ရွာလူကြီးထံ၌ရွှေပြားနှင့်လဲလှယ်ယူရခြင်းမျိုးဖြစ်သည်။

ပလပ်စတစ်အမှိုက် ၂၀၀ ကီလိုဂရမ်ပြည့်ပါက ရွှေပြားတစ်ပြားရမည်ဖြစ်သည်။ အဆိုပါအစီအစဉ်သည်အောင်မြင်မှုရရှိခဲ့ကာ အစီအစဉ်စပြီးနှစ်ပတ်အကြာ၌ပင် ရွာလေးအား ပလပ်စတစ်ကင်းမဲ့ရွာအဖြစ်ကြေငြာနိုင်ခဲ့သည်။

“ရွာထဲမှာ ပလပ်စတစ်ပေး၊ရွှေယူ ဆိုတဲ့ ကြွေးကြော်သံကိုကျွန်တော်ပထမဆုံးကြေငြာခဲ့ပါတယ်၊ပထမဆုံး မြစ်၊ချောင်းတွေသန့်ရှင်းဖို့အဓိကမို့ အဲ့ဒီကနေအရင်စတင်ခဲ့ပါတယ်၊ တစ်ရွာလုံးကလည်းတက်ညီလက်ညီပါဝင်ခဲ့ကြပြီး နှစ်ပတ်အကြာမှာတွင် ပလပ်စတစ်ကင်းမဲ့နေရာအဖြစ် လုံးဝကြေငြာနိုင်ခဲ့တာပါ” ဟုရွာခေါင်းဆောင်ကပြောကြားခဲ့သည်။

အဆိုပါရွာလေးသည် ယခုအခါ ကက်ရှ်မီးယားဒေသ၌ ပလပ်စတစ်ကင်းစင်သည့် ပထမဆုံးရွာလေးဖြစ်လာကာ ဟိုးယခင်နှစ်များစွာကအတိုင်း မြစ်ချောင်းရေများလည်း ပြန်လည်ကြည်လင်သန့်ရှင်းလာကြောင်းသိရသည်။ ထိုရွာလေး၏ ပလပ်စတစ်ကင်းစင်ရေးအစီအစဉ်အောင်မြင်သဖြင့် ယင်းနည်းလမ်းအတိုင်းအခြားဒေသများ၌ပါ ဆက်လက်ဆောင်ရွက်နိုင်ရန် အစိုးရကလုပ်ဆောင်နေကြောင်းလည်းသိရသည်။

Source : WION


LEAVE A REPLY

Please enter your comment!
Please enter your name here