ညောင်လှဆိပ်ကမ်းတွင်ရေနစ်သွားသည့် ကလေးငယ်၉ဦးတွင် ၄ ဦးအားဆက်လက်ရှာဖွေလျက်ရှိ

0
139

မကွေးတိုင်း၊ရေနံချောင်းမြို့နယ်၊ညောင်လှရပ် ကွက်ရှိ ညောင်လှဆိပ်ကမ်းတွင် မတ် ၆ ရက်ညနေပိုင်းက ရေနစ်ပျောက်ဆုံးနေသည့် ကလေးငယ် ၄ ဦးအား ဆက်လက်ရှာဖွေလျက်ရှိကြောင်း ဒေသခံလူမှုကူညီရေးအသင်းများမှ သိရသည်။

ယမန်နေ့ညနေ ၅ နာရီခွဲခန့်က ရေနံချောင်းမြို့ နယ်၊ညောင်လှရပ်ကွက်၊ညောင်လှဆိပ်ကမ်းတွင် ဆော့ကစားနေသည့် ကလေး ၉ ဦးရေနစ်သွားခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ရေနံချောင်းမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့်ဒေသခံလူမှုကူညီရေးအသင်းဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြရာ ၅ ဦးအား အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ပြီး ၄ ဦးမှာပျောက်ဆုံးလျက်ရှိသဖြင့် ဆက်လက်ရှာဖွေလျက်ရှိကြောင်း သိရသည်။

“ရေနစ်သွားတဲ့ ကလေးတွေက ရေနံချောင်းမြို့ ဘေးမဲ့ရပ်ကွက်ကလို့သိရပါတယ် ။ဖြစ်စဥ်ကိုသိ သိချင်း စက်လှေတွေနဲ့လည်းရှာတယ်။ ရေငုတ်ပြီးတော့လည်းရှာတယ်။ ၅ ယောက်ကိုကယ်နိုင်ခဲ့တယ် ၄ ယောက်ကတော့ပျောက်ဆုံးနေဆဲပဲ ညကလည်းရှာတယ် ။ညနက်မှရှာဖွေမှုကိုခနနားလိုက်တယ်။ ဒီမနက်လည်းအစောကြီးထဲက ရှာနေပါတယ်”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်။

​ရာသီဥတုပူလာသဖြင့် မြစ်ချောင်းများအတွင်း​ရေကစားကြရာမှ ​ရေနစ်​သောဖြစ်စဥ်များယခုတ​လောခပ်စိပ်စိပ်ကြားလာ​နေရသဖြင့် သတိရှိကြပါရန် နှင့် ​ကျောင်းပိတ်ရက် ခ​လေးများဆော့ရာတွင် မျက်ခြည်မပြတ်ကြပါရန် နိုး​ဆော်အပ်ပါသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here