ဂျပန်စစ်အတွင်း အဓမ္မ ခိုင်းစေခဲ့သူများကို တောင်ကိုရီးယားအစိုးရက လျော်ကြေးပေးသွားမည်

0
115

တောင်ကိုရီးယား၊ မတ် ၆

တောင်ကိုရီးယားသည် ဂျပန်စစ်အတွင်း အတင်းအဓမ္မ ခိုင်းစေခံရသူများအား လျော်ကြေးငွေပေးမည့် အစီအစဉ်ကို မတ်လ ၆ ရက် တနင်္လာနေ့တွင် ကြေညာခဲ့သည်။

ကိုရီးယားနိုင်ငံအား ဂျပန်တို့ ၃၅ နှစ်ကြာ အုပ်ချုပ်ခဲ့စဉ်အတွင်း ကိုရီးယားလူမျိုး ၇ သိန်း ၈ သောင်းခန့်သည် ဂျပန်ကုမ္ပဏီများ၏ အတင်းအဓမ္မ ခိုင်းစေခြင်းကို ခံခဲ့ရကြောင်း ဆိုးလ်မြို့မှ အချက်အလက်များက ဖော်ပြထားသည်။

တောင်ကိုရီးယားအစိုးရသည် တိုကျိုနှင့် ၁၉၆၅ ခုနှစ်တွင် ပြုလုပ်ခဲ့သည့် စစ်လျော်ကြေးစာချုပ်မှ အကျိုးအမြတ် ရရှိခဲ့သော ပုဂ္ဂလိကပိုင် ကုမ္ပဏီများက ထောက်ပံ့ထားသည့် အများပြည်သူပိုင် ဖောင်ဒေးရှင်းက အတင်းအဓမ္မ ခိုင်းစေခံခဲ့ရသူများကို လျော်ကြေးငွေများ ပေးအပ်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သည်။

သို့ရာတွင် အတင်းအဓမ္မ ခိုင်းစေခံခဲ့ရသူများက တောင်းဆိုထားသော တိုကျိုထံမှ အပြည့်အဝ တောင်းပန်မှုနှင့် ခိုင်းစေခဲ့သည့် ဂျပန်ကုမ္ပဏီများထံမှ တိုက်ရိုက်လျော်ကြေးငွေများ မရရှိသေးခြင်းကြောင့် ထိုအစီအစဉ်အား ပြစ်တင်ဝေဖန်ခဲ့ကြသည်။

တောင်ကိုရီးယားအစိုးရကမူ အထက်ပါ လျော်ကြေးငွေအစီအစဉ်ဖြင့် ဂျပန်နှင့် ၎င်းတို့ကြားရှိ အားနည်းနေသော ဆက်ဆံ‌ရေးကို ပြန်လည်မြှင့်တင်လိုနေသည်။ အထူးသဖြင့် မြောက်ကိုရီးယား၏ နျူလက်နက်ဆိုင်ရာ ခြိမ်းခြောက်မှုများ ကြီးမားလာသည့် အခြေအနေ၌လုံခြုံရေးဆိုင်ရာ ပူးပေါင်ဆောင်ရွက်မှုများကို မြှင့်တင်ရန်အတွက် အမေရိကက တွန်းအားပေးနေသောကြောင့် ဖြစ်သည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here