ပထမအင်္ဂလိပ်မြန်မာ အဘိဓာန်ကို ပူးတွဲပြုစုသော ပညာရှင်မင်းသားကြီး မောင်ခင်မင်(ဓနုဖြူ )

0
464

mkm

ဘာသာစကားဖြင့် ဆက်သွယ် သည့်အလုပ်သည် လူ သားတိုင်း မလုပ်မဖြစ် လုပ်နေရသော အလုပ်ဖြစ်သည်။ လူတို့သည် နေ့စဉ်နှင့်အမျှ စကား  ပြော ဆိုခြင်းဖြင့်သော်လည်းကောင်း၊ စာရေးခြင်းဖြင့်သော်လည်းကောင်း တစ်ယောက်နှင့်တစ်ယောက် ဆက် သွယ်ရမြဲဖြစ်သည်။ ထိုသို့ ဆက်သွယ် ရာတွင် အရင်း ခံအားဖြင့် စကားလုံး များ၏ အနက်အဓိပ္ပာယ်များကို သိ ရန်လိုအပ်သည့် အလျောက် စကား လုံးများ၏ အနက်အဓိပ္ပာယ်ကို ဖွင့် ဆိုသော အဘိဓာန်များသည် ဘာ သာ စကားနယ်ပယ် အသီးသီးတွင် ရှေးနှစ်ပေါင်းများစွာကပင် ပေါ် ပေါက်ခဲ့သည်။

မြန်မာဘာသာစကားနယ်ပယ် တွင်လည်း ပါဠိမြန်မာအဘိဓာန်များ နှင့် အင်္ဂလိပ်မြန်မာအဘိဓာန်များ သည် မြန်မာနိုင်ငံတွင် ထိုဘာသာ စကားနှစ်ခု အသုံး တွင်ကျယ်လာမှုကို အကြောင်းပြု၍ ပေါ်ပေါက်လာရ သည်။ ဗုဒ္ဓသာသနာနှင့်အတူ ပါဠိ ဘာသာစာပေ၏အရေးပါမှုကို အကြောင်းပြု၍ ပါဠိ-မြန်မာအဘိ ဓာန် များပေါ်ထွက်လာရသည်နည်း တူ အင်္ဂလိပ်နှင့်ဆက်သွယ်မိပြီး နောက် နောက်ဆုံးတွင် အင်္ဂလိပ် လက်အောက်ရောက်နေသည်ကို အကြောင်းပြု၍ အင်္ဂလိပ် -မြန်မာ အဘိဓာန်များလည်း ပေါ်ထွက်လာ ရသည်။

မြန်မာနိုင်ငံတွင် အင်္ဂလိပ် မြန်မာအဘိဓာန်စတင်ပေါ်ပေါက် ရေးအတွက် ဦးဦးဖျားဖျားအားထုတ် သည့် ပုဂ္ဂိုလ်မှာ မြန်မာ့ထီးနန်းဝန်းကျင်မှ မင်းသားတစ် ပါးဖြစ်နေသည် ကို စိတ်ဝင်စားဖွယ်တွေ့ရသည်။ ထို ပုဂ္ဂိုလ်မှာ ကုန်းဘောင်ခေတ်၊ ပဒုံ မင်း(ဘိုးတော်ဘုရား)နှင့် မြောက် နန်းမိဖုရားတို့မှ ဖွားမြင်သော မက္ခ ရာမင်းသားကြီး(၁၇၉၁-၁၈၄၈)ဖြစ် သည်။ မင်းသားကြီးသည် ငယ်စဉ် က မင်းရဲကျော်စွာဘွဲ့ဖြင့် မက္ခရာမြို့၊ ဗန့်ချီတိုက်တို့ကို စားရသည်။ ငယ် မည်မှာ မောင် မျိုးဖြစ်သည်။

မက္ခရာမင်းသားကြီးသည် ပညာဖြင့် မွေ့လျော်သော ပညာရှင် ဖြစ်သည်။ ခေတ်မီပညာရပ်များကို စိတ်ဝင်တစားလေ့လာဆည်းပူး သည်။ ပထမအင်္ဂလိပ်မြန် မာစစ်ပွဲ အပြီး အင်းဝသို့ ရောက်လာသော အင်္ဂလိပ်အရာရှိများနှင့် သိကျွမ်းခင် မင်သည်။ စင်စစ်ထိုကာလမတိုင်မီ ကပင် အင်းဝသို့ ရောက်လာသော အမေ ရိကန်သာသနာပြု ဒေါက်တာ ဂျပ်ဆင်(ဆရာယုဒသန်)နှင့် မက္ခရာ မင်းသားကြီးတို့ ခင်မင်သိကျွမ်းကြ သည်။ မင်းသားကြီးသည် သမ္မာကျမ်း  မူရင်းနှင့် ဆရာယုဒသန်မြန်မာပြန် သော သမ္မာကျမ်းတို့ကို ဖတ်ရှုလေ့ လာသည်။ အင်းဝသို့ ရောက်နေသော အင်္ဂလိပ်ကုန်သည်ကြီး မစ္စတာရော် ဂျာထံမှ အင်္ဂလိပ်စာ သင်ယူသည်။ ထိုစဉ်က ထင်ရှားသော ရီးစ်၏ စွယ်စုံကျမ်း(Ree’s Encyclopedia)  ကို ဖတ်ရှုလေ့လာသည်။ ထိုကျမ်းမှ ပညာရပ်အချို့ကို မြန်မာဘာသာ ပြန်သည်။

မင်းသားကြီး၏ စာကြည့် ဆောင်တွင် သာမိုမီတာနှင့်ဘာရို မီတာတို့ကို ချိတ်ဆွဲထားသည်ဟုဆို သည်။ ‘လော့ဂရစ်သန(Logarithm)  တွက်နည်းကို အင်္ဂလိပ် ကုန်သည်ကြီး မစ္စတာချားလိန်း(Mr Charles Lane)ထံမှ သင်ယူသည်။ နေကြတ် လကြတ်ခြင်းတို့ကို တွက်ချက်နည်း နှင့် မိုးသီးများဖြစ်ပေါ်လာပုံတို့ကို မြန်မာ ဘာသာပြန်ပြီး မစ္စတာလိန်းထံ ပေးပို့သည်။

မင်းသားကြီးသည် ကာနယ်ဘာ နေး(Col. Burmey)နှင့်လည်း ခင် မင်သည်။ မင်းသားကြီးက ဘာနေး ကို လန်ဒန်ကာလကတ္တား၊ အင်းဝ၊ ဘန်ကောက်တို့၏ လတ္တီတွဒ်လောင် ဂျီတွဒ်မျဉ်းများအကြောင်းမေးသည်။ သင်္ဘောသားသံလိုက်အိမ်မြှောင် အကြောင်းလည်းမေးသည်။ သာမို မီတာ၊ ဘာရိုမီတာတို့ပြုလုပ်ပုံ အကြောင်းလည်းမေးသည်။ မင်း သားကြီး၏ စာကြည့်တိုက်တွင် သမ္မာ ကျမ်းစာမူရင်းနှင့် ဆရာယုဒသန်၏ မြန်မာပြန်သမ္မာကျမ်း၊ ဂျွန်ဆင် ၏ အဘိဓာန်၊ ရီးစ်၏ စွယ်စုံကျမ်းတို့ ထားပြီး ကောင်းစွာ လေ့လာဖတ်ရှု သည်။ မစ္စတာဘာနေးက မြန်မာနိုင် ငံတွင် မင်းသားကြီးကဲ့သို့ ပညာဗဟု သုတနှင့် ပြည့်စုံ၍ ဥာဏ်ပညာ ထက်မြက်သော ပုဂ္ဂိုလ်မျိုး မတွေ့ ဖူးကြောင်း မှတ်တမ်းတင်ထားသည်။

မက္ခရာမင်းသားကြီး၏ အရေး ပါသော ကြိုးပမ်းမှုတစ်ရပ်ကား အင်္ဂလိပ်ကုန်သည်ကြီး မစ္စတာလိန်း နှင့် တွဲဖက်၍ အင်္ဂလပ်မြန်မာအဘိ ဓာန်ကို ပြုစုခြင်းဖြစ် သည်။ ၁၈၃ဝ ပြည့်နှစ်မှ ၁၈၃၅ခုနှစ်အထိ ၅နှစ် အချိန်ယူ၍ ပြုစုသည်။ ပြုစုရာတွင် မစ္စတာလိန်းက အင်္ဂလိပ်အဘိဓာန် ကို မြန်မာဘာသာပြန်ဆိုပြီး ဘာသာ   ပြန်ဆိုချက်ကို မက္ခရာမင်းသားကြီးက ပြင်ဆင်တည်းဖြတ်သည်။ ထိုအဘိ ဓာန်သည် အဘိဓာန်သမိုင်းတွင် ပထမဆုံးပေါ်ပေါက်သော အင်္ဂ လိပ်မြန်မာဘိ ဓာန်ဖြစ်သည့်အတွက် အဘိဓာန်ဆရာ ၂ဦး၏ ဘဝတွင် အရေးပါသော မှတ်တိုင်ဖြစ်သည်။ ပထမအင်္ဂလိပ်မြန်မာအဘိဓာန် ဆရာနှစ်ဦးအဖြစ် ဝိသေသပြုအပ် သည့် ပုဂ္ဂိုလ်များဖြစ်သည်။

အင်းဝတွင် အရေးပိုင်အဖြစ် တာဝန်ထမ်းဆောင်နေသော ကာ နယ်ဘာနေးက ‘ဤအဘိဓာန်ကျမ်း သည် ရခိုင်တိုင်း၊ တနင်္သာရီတိုင်း တွင် အုပ်ချုပ်လျက်ေ နသော ဗြိတိ သျှအစိုးရအရာရှိများနှင့်တကွ တိုင်းရင်းသားများအတွက်သာမက အင်္ဂလိပ်စာသင်ကြားတတ်မြောက် လိုသော မြန်မာလက်အောက်ခံတိုင်း ရင်းသားများအတွက်လည်း အထူး အသုံးဝင်အဖိုးတန်ပေလိမ့်မည်။ မြန် မာအင်ပါယာနိုင်ငံအတွက် အထူး ကျေးဇူးကြီးမည်ဖြစ်သော စာအုပ် ဖြစ်နိုင်သည်’ ဟု မှတ်ချက်ချ ထားသည်။

ဘာနေးက အဘိဓာန်လက် ရေးမူကို အိန္ဒိယဘုရင်ခံချုပ်ထံပို့ ပြီး အိန္ဒိယအစိုးရစရိတ်ဖြင့် ပုံနှိပ်ထုတ် ဝေရန် အကြံပေးသည်။ အိန္ဒိယအစိုး ရသည် စာအုပ် ထုတ်ရန် အကုန် အကျများသည့်အတွက် လက်ရေး မူကို မဝယ်နိုင်။ စာအုပ်ထုတ်ဖြစ် လျှင် တစ်အုပ်ကို ၅ဝကျပ်ဖြင့် အုပ်ရေတစ်ရာ ဝယ်ရန်သဘော တူသည်။ အဘိဓာန်ဆရာ၂ဦးက လက်ရေးမူကို ပြန်စိစစ်သည်။ အိန္ဒိယအစိုးရကလည်း ထိုအတိုင်းပင် ထပ်မံကတိပေးသည်။ ကာနယ်ဘာ နေးက အဘိဓာန်ဆရာများအား အဘိဓာန်ကို မော်လမြိုင်မြို့ အေဘီ အမ်ပုံနှိပ်တိုက်တွင် ပုံနှိပ်ရန် အကြံ ပေးထားသည်ဟူ၍လည်း မှတ်တမ်း ရှိသည်။

ထိုအဘိဓာန်သည် အစောပိုင်း တွင် တိမ်မြုပ်ပျောက်ကွယ်နေရာမှ နောက်ပိုင်းတွင် သိမ်းဆည်းထား သူများ၏ ကျေးဇူးကြောင့် မူရင်း အတိုင်းလေ့လာခွ င့် ရကြသည်။ အဘိဓာန်မှာ ဒီမိုင်းဆိုက်ကြီး အရွယ်၊ စာမျက်နှာ ၄၆၈ မျက်နှာရှိသည်။ အဖုံးတွင်DICTIONARY, ENGLISH AND BURMESE BY CHARLES LANE, ESQ, F.A. S. FOR MANY YEARS A RESIDENT OF AVA [k azmfjy NyD; THE WHOLE OF THE BURMESE PORTION CAREFULLY REVISED BY HIS HIGHNESS THE PRINCE OF MEKHARA, UNCLE TU THEN REIGNING KING OF AVA ဟု မက္ခရာမင်းသားကြီး ၏   ဆောင်ရွက်မှုကို မှတ်တမ်းတင် သည်။ ထိုအချိန်က အင်းဝနေပြည် တော်တွင် နန်းစံနေသော မင်း(ဘ ကြီးတော်ဘုရား၏ ဦးရီးတော်မက္ခရာ မင်းသားကြီးက   မြန်မာပိုင်းကို ဂရု တစိုက်တည်းဖြတ်ပေးကြောင်းဖော်ပြ ထားခြင်းဖြစ်သည်။ ကာလကတ္တား မြို့ ဗြိတိသျှစာကြည့်တိုက်Ostell and Pepafe တို့က ၁၈၄၁ခုနှစ် တွင် ပုံနှိပ်ထုတ်ဝေကြောင်းလည်း ဖော်ပြထားသည်။

မက္ခရာမင်းသားကြီး မြန်မာဘာ သာဖြင့် ရေးသော ဥယျောဇဉ်လည်း ပါဝင်သည်။ “အထူးထူးသော ဘာ သာများစွာသော လူမျိုးတို့တွင် အင်္ဂ လိပ်လူမျိုးတို့သည် ဟုတ်မှန်သော ထင်ရှားမျက်မှောက်တွေ့မြင်သော အတတ်ပညာကိုသာ ရှာဖွေနှိုင်းယှဉ် ပြီးလျှင် ရုံးစုမှတ်သားလေ့ရှိသည် ဖြစ်၍ အင်္ဂလပ်ဘာသာကို နားလည် သိမြင်ခြင်းသည် ဗဟုသုတအရာ၌ များစွာ အကျိုးရှိသည်။ ထို့ကြောင့် ဗဟုသုတကို အလိုရှိကုန်သော မြန် မာလူမျိုးတို့အား အင်္ဂလိပ်ဘာသာ ကို မြန်မာဘာသာဖြင့် နားလည်သိ မြင်စေခြင်းအကျိုးမှာ မက္ခရာ မင်းသားက သင်္ဘောသူကြီး ကပ္ပီ တန်လျင်ကို အင်္ဂလိပ်အဘိဓာန်စာ ကိုယ်ရှိသည်အတိုင်း မြန်မာဘာသာ မှန်ကန်ေ အာင် ပြန်ဆို၍ မြန်မာ သက္ကရာဇ် ၁၁၉၅ ခုနှစ်၊ အင်္ဂလိပ် သက္ကရာဇ် ၁၈၃၃ ခုနှစ်မှစ၍ ပြန်ဆို ရေးသားသည်။ ပြန်ဆိုအပ်သော အဘိဓာန်စာသည်ကား အင်္ဂလိပ် အက္ခရာကို ဖတ်နိုင်ကာမျှ သင်ပြီး ၍ ရှေ့နောက်စကားကြည့်ရှုမှတ်သားပြီး လျှင် ထိုအဘိဓာန်စာကို အမှီပြု၍ အင်္ဂလိပ်ပညာစာ ၄၅မှစ၍ အင်္ဂလိပ် စာတို့ကို   မြန်မာဘာသာအားဖြင့် သိမြင်နားလည်နိုင်စရာရှိသည်” ဟူ၍  ရေးသားထားပါသည်။ မင်းသားကြီး ကအင်္ဂလိပ်စာတတ်လျှင် ဗဟုသုတ များစွာရ၍များစွာအကျိုး ရှိကြောင်း ဖော်ညွှန်းထားသည်ကို တွေ့ရသည်။ မစ္စတာလိန်းကို ‘သင်္ဘောသူကြီးကပ္ပီ တန်လျင်’ဟု ဖော်ပြပုံကို မှတ်သား ရသည်။ အင်္ဂလိပ်ပညာစာ ၄၅ဆို သည်မှာRee’s Encyclopedia  ကို ဆိုလိုကြောင်း မှတ်ချက်ပြထားပါ သည်။

မစ္စတာလိန်းနှင့် မက္ခရာမင်း သားကြီးတို့ပူးတွဲပြုစုသော အင်္ဂလိပ် မြန်မာအဘိဓာန်သည် လွန်ခဲ့သော အနှစ် ၂ဝဝနီးပါးက ပြုစုသော အဘိ ဓာန်ဖြစ်သည့်အေ လျာက် မြန်မာလို အနက်ဖွင့်ဆိုချက်များတွင် ယခု ခေတ်နှင့် ကွဲပြားသော အသုံးများကို တွေ့ရပါသည်။ သာဓကပြရလျှင် Actress -ဇာတ်မိန်းမ၊ Advice – စဉ်းစား၍ပေးခြင်း၊ bankု -ပိုငွေကို ထားသော တိုက်၊ College- ကျမ်း ကြီးကို သင်သောတိုက်၊Geography  – ကမ္ဘာ၌ရှိသော ကျွန်းကြီးကျွန်းငယ် ပြည်နိုင်ငံ၏ အနေအခြားကို ပြသ သော အတတ်ပညာ၊ Potatoe- – အင်္ဂလိပ်မျောက်ဥလုံး၊ ကန်စွန်းမြစ်၊ School စာသင်သောနေရာ စသည်ဖြင့် တွေ့ရသည်။ အဓိပ္ပာယ် တူစကားလုံးဖြင့် မဖွင့်ဆိုဘဲ အဓိပ္ပာယ်ပေါ်အောင် ရှင်းလင်းပြ သည့်နည်းဖြင့် ဖွင့်ဆိုခြင်းအများ အပြားတွေ့ရပါသည်။ ယခုခေတ်တွင် ကွဲပြားသွားသော
အသုံးများကိုလည်း တွေ့ရသည်။ မင်းသားကြီးတို့လက် ထက်တွင်အသုံးပြုသော မြန်မာ စကားသွင်ပြင်များကို တစေ့တ စောင်းဖော်ပြနေပါသည်။

မက္ခရာမင်းသားကြီးသည် ပထ မဆုံးအင်္ဂလိပ်မြန်မာအဘိဓာန်ကို ပြုစုသည့်ပညာရှင်အဖြစ် နှောင်း ခေတ်အဘိဓာန်များကို ရှေ့ဆောင် လမ်းပြခဲ့ပါသည်။
မောင်ခင်မင်(ဓနုဖြူ)


LEAVE A REPLY

Please enter your comment!
Please enter your name here