ယူကရိန်းသည် Bakhmut တွင် ‘နည်းဗျူဟာပိုင်းအရ ဆုတ်ခွာခြင်း’ ကို လုပ်ဆောင်ဖွယ်ရှိ

0
132

ယူကရိန်းတပ်ဖွဲ့များသည် Bakhmut မြို့တိုက်ပွဲတွင် နည်းဗျူဟာပိုင်းအရ အကန့်အသတ်ဖြင့် ဆုတ်ခွာရေးလုပ်ဆောင်နေပုံပေါ်ကြောင်း Institute for the Study of War မှ လေ့လာသုံးသပ်သူများက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သော်လည်း “လုံးဝဆုတ်ခွာခြင်းနှင့်ပတ်သက်၍မူ ယူကရိန်း၏ရည်ရွယ်ချက်များကို အကဲဖြတ်ရန် စောလွန်းနေသေးသည်”ဟု မှတ်ချက်ပြုထားသည်။

ယူကရိန်းတပ်ဖွဲ့များသည် Bakhmut မြို့ မှ ချက်ချင်းဆုတ်ခွာရန် မဖြစ်နိုင်သေးကြောင်းနှင့် မြို့တွင်းစစ်ပွဲများ ဆက်လက်ဖြစ်ပွားနေစေရန်နှင့် ရုရှားတပ်ဖွဲ့များ အားကုန်ခမ်းစေရန် တိုက်ပွဲများဆင်နွှဲနေလျှက်နှင့်ပင် ဖြည်းဖြည်းချင်းဆုတ်ခွာသွားကြနိုင်ကြောင်း သုံးသပ်မှတ်ချက်ပြုခဲ့သည်။

ရုရှားတို့ ဝိုင်းရံထားသော Bakhmut မြို့ကို ရုရှားတပ်များက ထိန်းချုပ်ထားပြီဆိုခြင်းနှင့် ပတ်သက်၍ ကွဲလွဲနေသည့်သတင်းများ ပြီးခဲ့သည့် သီတင်းပတ်ကုန်က ထွက်ပေါ်ခဲ့ပြီးနောက်ပိုင်း ယူကရိန်းတပ်များသည် မြို့၏အစိတ်အပိုင်းများဆီမှ စတင်ဆုတ်ခွာနေခြင်း ရှိမရှိ ဆိုသည်ကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးချေ။

ဆုတ်ခွာခြင်းနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်များ သို့မဟုတ် အမိန့်များမရှိသေးကြောင်းနှင့် လက်ရှိတွင် မိမိတို့က ခံစစ်ဆင်နေသော်လည်း Bakhmut နှင့် မြို့ဆင်ခြေဖုံးအခြေအနေများမှာမူ “ငရဲနှင့်အလွန်တူသည်”ဟု Bakhmut ရှိ ယူကရိန်းတပ်များ၏ တပ်မှူးတစ်ဦးက ပြောကြားသည်။

Ref: Ukraine likely staging ‘tactical withdrawal’ in Bakhmut


LEAVE A REPLY

Please enter your comment!
Please enter your name here