အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီးကျွင်း ​မြန်မာသို့ရောက်ရှိစဥ်မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်းအားထုတ်မှုများတွင် တရုတ်နိုင်ငံမှဆက်လက်ကူညီမည်ဟုဆို

0
243

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့်တရုတ်နိုင်ငံ၊နိုင်ငံခြားရေးဝန်ကြီးဌာ နမှ အာရှရေးရာအထူကိုယ်စားလှယ် မစ္စတာ တိန့်ရှီးကျွင်းတို့ မတ် ၆ ရက်နံနက် ၁၁ နာရီကတွေ့ဆုံစဥ်ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

မြန်မာ-တရုတ်နယ်စပ်ဒေသတစ်လျှောက် ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ပိုမိုမြှင့်တင်ရန်ဆက်လက်ပူးပေါင်းဆောင်ရွက်ရေးနှင့်ပြည်တွင်းငြိမ်းချမ်းရေးနှင့်အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်တို့နှင့်ပတ်သက်၍ နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်းအားထုတ်မှုများတွင် တရုတ်နိုင်ငံမှအပြုသဘောဆက် လက်ကူညီဆောင်ရွက်ပေးသွားမည့် အခြေအနေများကိုလည်းပါဝင်​ကြောင်းသိရသည်။

မြန်မာ-တရုတ် ရှိရင်းစွဲဆွေမျိုးပေါက်ဖော်ဆက် ဆံရေးနှင့်ပူးပေါင်းဆောင်ရွက်မှုများကိုပိုမိုတိုး တက်ခိုင်မာရေးအတွက် ဆက်လက်ဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here