အိန္ဒိယတွင် မျောက်များ၏ ချုံခိုတိုက်ခိုက်မှုကြောင့် အဘွားအိုတစ်ဦး သေဆုံး

0
253

အိန္ဒိယနိုင်ငံတောင်ပိုင်း၊ တယ်လန်ဂါနာပြည်နယ်၊ ကာမားရယ်ဒီခရိုင်တွင် နေထိုင်သော အသက် ၇၀ အရွယ် အဘွားအိုတစ်ဦးသည် သူ၏ နေအိမ်အတွင်း မျောက်အုပ်တစ်အုပ်၏ ချုံခိုတိုက်ခိုက်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

ပင်စင်စားတစ်ဦးဖြစ်သည့် ချာတာရာဘိုနာ နာဆာဗာသည် ရာမားရယ်ဒီရွာတွင် သမီးဖြစ်သူနှင့်အတူ နေထိုင်နေသူဖြစ်ပြီး တိုက်ခိုက်ခံရချိန်တွင် နေအိမ်၌ တစ်ဦးတည်း ကျန်ရစ်နေခဲ့ခြင်းဖြစ်သည်။ သမီးဖြစ်သူမှာမူ မင်္ဂလာပွဲတစ်ခုအတွက် အဝေးသို့ ရောက်ရှိနေကြောင်း သိရသည်။

နာဆာဗာ သည် အိမ်သာသို့ သွားရာလမ်းတွင် မျောက်များ၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည့်အတွက် ထွက်ပြေးရာမှ ချော်လဲကာ ကြမ်းပြင်နှင့် ဦးခေါင်း ဆောင့်မိ၍ သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း‌ မျောက်ကိုက်၍ မဟုတ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားထားသည်။

ခန္ဓာကိုယ်တွင် မျောက်ကိုက်၍ ဒဏ်ရာများစွာ ရရှိခဲ့သော်လည်း အဓိကသေဆုံးရသည့် အကြောင်းရင်းမှာ ဦးခေါင်းနှင့် ကြမ်းပြင် ဆောင့်မိရာမှ ရရှိခဲ့သည့် ဒဏ်ရာကြောင့် ဖြစ်သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

အဆိုပါ ဖြစ်ရပ်သည် အိန္ဒိယတွင် မျောက်များကြောင့် သေဆုံးရသော နောက်ဆုံးပေါ်ဖြစ်ရပ်ဖြစ်ပြီး ပြီးခဲ့သည့်နှစ်ကလည်း အသက် ၅ နှစ်အရွယ် မိန်းကလေးတစ်ဦးသည် မျောက်များ၏ ဝိုင်းဝန်းကိုက်ဖဲ့မှုကြောင့် ဆေးရုံအရောက်တွင် အသက်ဆုံးရှုံးခဲ့ရသည်။

Source:Mirror


LEAVE A REPLY

Please enter your comment!
Please enter your name here