ဆေးဝါးကုသမှုခံယူနေကြရသည့် ကျောင်းသား/သူများ နီးစပ်သည့် ဆေးရုံစာဖြေဌာန ၄ ခု သို့ဆက်သွယ်ရန်လို

0
145

တက္ကသိုလ်ဝင်စာမေးပွဲကာလအတွင်း ဆေးဝါးကုသမှုခံယူနေကြရသည့် ကျောင်းသား၊ ကျောင်းသူတွေအတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆေးရုံစာဖြေဌာန ၄ ခု ဖွင့်လှစ်ပေးရန် စီစဉ်ထားကြောင်းထုတ်ပြန်ထားသည်။

ကျန်းမာရေးဝန်ကြီးဌာန၊ ကုသရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတို့၏  ညှိနှိင်းထားချက်အရ ၂၀၂၃ ခုနှစ် မတ် ၈ ရက်မှ ၁၈ ရက်အထိ ကျင်းပသွားမည့် တက္ကသိုလ်ဝင်စာမေးပွဲကာလအတွင်း ဆေးရုံတက်ရောက်ပြီး ဆေးဝါးကုသမှုခံယူနေကြရသည့် ကျောင်းသားကျောင်းသူများ နစ်နာမှုမရှိစေရန် ရည်ရွယ်၍ ဆေးရုံစာဖြေဌာန ၄ ခုကို ဖွင့်လှစ်ပေးရန် စီစဉ်ထားခြ်းဖြစ်သည်။

အဆိုပါ ဆေးရုံစာဖြေဌာနလေးခုမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မြောက်ဥက္ကလာပ အထွေထွေရောဂါကုနှင့် သင်ကြားရေးဆေးရုံကြီး၊ ဗဟိုအမျိုးသမီးဆေးရုံကြီးနှင့် ဝေဘာဂီအထူးကုဆေးရုံကြီးတို့တွင် ဖွင့်လှစ်ပေးရန် စီစဉ်ထားခြင်းဖြစ်သည်။

ယင်းအပြင် ဆေးရုံတက်ရောက်ကုသနေရသော စာမေးပွဲဝင်ရောက်ဖြေဆိုလိုသည့် ကျောင်းသား ကျောင်းသူ(လူနာ) များသည် အဆိုပါဆေးရုံကြီးများရှိ ဆေးလူမှုဆက်ဆံရေးဌာနနှင့် ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း ထုတ်ပြန်ထားသည်။

ယခု ကျင်းပမည့် တက္ကသိုလ်ဝင်စားမေးပွဲတွင် ကျောင်းသား/သူပေါင်း ၁၈၀၀၀၀ ကျော်ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here