လေယာဉ်အမှုထမ်းအား သံဇွန်း အပဲ့ဖြင့်ထိုးကာလေယာဉ်မဆင်းခင်တံခါးဖွင့်ဖို့ကြိုးစားသည့် အမေရိကန်ခရီးသည်ဖမ်းဆီးခံရ

0
197

အမေရိကန်ခရီးသည်တစ်ဦးသည် United လေကြောင်းလိုင်းအားစီးနင်းလာစဉ် လေယာဉ်အမှုထမ်းအား သံဇွန်းဖြင့်ထိုးကာ ထွက်ပေါက်တံခါး ကို ဖွင့်ရန်ကြိုးစားခဲ့သဖြင့် ဖမ်းဆီးခံခဲ့ရကြောင်း အစိုးရရှေ့နေများကပြောကြားခဲ့သည်။

အသက် ၃၃ နှစ်အရွယ်ရှိအဆိုပါအမျိုးသားသည် လေယာဉ်အမှုထမ်းများအား လုပ်ငန်းခွင်ဝတ္တရားနှောင့်ယှက်မှုဖြင့် တရားစွဲခံခဲ့ရသည်။

တာဝန်ရှိသူတစ်ဦး၏ပြောကြားချက်အရ အဆိုပါအမျိုးသားသည် လေယာဉ်မဆင်းမီ ၄၅ မိနစ်အလို၌ အရေးပေါ်ထွက်ပေါက်အား ဖွင့်ရန်ကြိုးပမ်းနေသည်ကို လေယာဉ်အမှုထမ်းကသတိပြုမိခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ၎င်းအားတားရန်ကြိုးစားသည့် လေယာဉ်အမှုထမ်းအား သံဇွန်းအပဲ့ဖြင့် သုံးကြိမ်ထိလည်ပင်းကိုထိုးခဲ့ခြင်းဖြစ်သည်ဟုသိရသည်။ သို့သော်ဒဏ်ရာမပြင်းထန်သဖြင့် စိုးရိမ်စရာမရှိဟုလည်းပြောကြားခဲ့သည်။

ယင်းသို့ကျူးလွန်ခဲ့သူအား တရားရုံးမှအမိန့်ချမှတ်လိုက်ပါက ၎င်းအနေဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိ ကျခံရနိုင်ဖွယ်ရှိသည်ဟုလည်းဆိုသည်။

Source : WION


LEAVE A REPLY

Please enter your comment!
Please enter your name here