ရေနစ်သေဆုံးသွားတဲ့ ကလေး ၄ ဦးအနက် တစ်ဦးကိုရေအောက် ပေ ၄၀ အနက်တွင် ရှာတွေ့

0
146

မကွေးတိုင်း၊ ညောင်လှချောင်းသာမှာ ရေနစ်သေဆုံးသွားသည့် ကလေး ၄ ဦးအနက် အသက် (၅) နှစ်အရွယ် တစ်ဦးကို ရေအောက်ပေ ၄၀ အနက်တွင်ရှာဖွေတွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ ရောင်စုံမေတ္တာ လူမှုကူညီရေးအသင်းမှ သိရသည်။

ကျန်ရှိနေသေးသည့် အသက် ၁၅ နှစ်အရွယ် (မ) တစ်ဦး၊ အသက် ၁၃ နှစ်အရွယ် (မ) တစ်ဦးနှင့် အသက် ၆ နှစ်အရွယ် (ကျား) တစ်ဦးကို မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံများ၊ လူမှုကူညီရေးအသင်းအဖွဲ့များနှင့်အတူ ဆက်လက်ရှာဖွေနေကြောင်း သိရသည်။

ယမန်နေ့ညနေ ၅ နာရီခွဲခန့်က ရေနံချောင်းမြို နယ်၊ ညောင်လှရပ်ကွက်၊ ညောင်လှဆိပ်ကမ်းတွင် ဆော့ကစားနေသည့် ကလေး ၉ ဦးရေနစ်သွားခဲ့ခြင်းဖြစ်သည်။

ယင်းကြောင့်  ရေနံချောင်းမြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲဝင်များနှင့် ဒေသခံလူမှုကူညီရေးအသင်းဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြရာ ၅ ဦးအား အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here