ဂျာမနီမှာရှိတဲ့ ကမ္ဘာ့အကြီးဆုံး လူလုပ် ဆားတောင်ကြီး မောင့်ခါလီ

0
720

ဂျာမနီနိုင်ငံ အလယ်ပိုင်း ဟေရင်ဂန်မြို့မှာ မောင့်ခါလီလို့ခေါ်တဲ့ ကမ္ဘာ့အကြီးဆုံး လူလုပ် ဆားတောင်ကြီး တည်ရှိပါတယ်။ အဲဒီဆားတောင်ကြီးမှာ အဓိကအားဖြင့် ဆိုဒီယမ် ကလိုရိုက်လို့ ခေါ် တဲ့ စားပွဲတင်ဆားတွေ အများအပြား ပါဝင်နေပါတယ်။

မောင့်ခါလီတောင်ကြီး ဖြစ်ပေါ်လာပုံကတော့ ၁၉၇၆ ခုနှစ်လောက်မှာ စီးပွားရေး ကုမ္ပဏီတွေက ဟေရင်မြို့ တစ်ဝိုက်မှာရှိတဲ့ မိုင်းတွင်းတွေကနေ ပိုတက်ဆီယမ် ဆားတွေကို စပြီးတူးဖော်ထုတ်ယူရာမှ စတင်လာပါတယ်။

အဲအချိန်တုန်းက ကုမ္ပဏီတွေဟာ ဆပ်ပြာနဲ့ ဖန်ထည်တွေ ပြုလုပ်ဖို့အတွက် လိုအပ်တဲ့ ပိုတက်ဆီယမ်တွေကို အဲဒီမိုင်းတွင်းတွေကနေ ထုတ်ယူခဲ့ပါတယ်။ ဒါပေမယ့် ပြဿနာကတော့ ပိုတက်ဆီယမ်နဲ့အတူ ဆိုဒီယမ် ကလိုရိုက် အများအပြားလည်း တွဲပါလာတာပါ။

ဒါကြောင့် ကုမ္ပဏီတွေဟာ ရလာတဲ့ စားပွဲတင်ဆား အကုန်လုံးကို ဟေရင်ဂန်မြို့နဲ့ မိုင်အနည်းငယ် ဝေးတဲ့နေရာမှာ သွားပုံရင်း အခုလိုမျိုး ကမ္ဘာ့အကြီးဆုံး လူလုပ် ဆားတောင်ကြီး ဖြစ်လာခဲ့ပါတယ်။

မောင့်ခါလီဟာ ပင်လယ်ရေမျက်နှာပြင်အထက် ၅၂၀ မီတာ (၁၇၁၀ ပေ) မြင့်ပြီး ပတ်ဝန်းကျင် မြေပြင်အထက် ၂၅၀ မီတာ (၈၂၀ ပေ) ကျော် မြင့်ပါတယ်။ ဘောလုံးကွင်း ၁၁၄ ကွင်းစာ ကျယ်ဝန်းပြီး ဆားတန်ချိန် ၂၀၁ သန်းခန့် ပါဝင်နေပါတယ်။

မောင့်ခါလီဟာ တဖြည်းဖြည်းနဲ့ ကမ္ဘာ့လှည့်ခရီးသည်တွေကို ဆွဲဆောင်တဲ့ နေရာတစ်နေရာဖြစ်လာပါတယ်။ သာမန်လူတွေအနေနဲ့ မောင့်ခါလီ တောင်ထိပ်ထိ တက်ရင် ၁၅ မိနစ်ကြာ လမ်းလျှောက်တက်ရမှာ ဖြစ်ပါတယ်။

တစ်နှစ်မှာ ဆားတန်ချိန် ပျှမ်းမျှ ၇ ဒသမ ၂ သန်းခန့် လာရောက်စွန့်ပစ်နေတဲ့အတွက် မောင့်ခါလီဟာ တဖြည်းဖြည်းနဲ့ ပိုပိုကြီးဖို့ပဲ ရှိပါတယ်။

Source: Odditycentral


LEAVE A REPLY

Please enter your comment!
Please enter your name here