မတ်လကုန်တွင် မော်တော်ယာဉ်အားလုံး ဖောင်းကြွနံပါတ်အသစ် အပြီးပြောင်းလဲတပ်ဆင်ရန် ထပ်မံအသိပေးထား

0
296

ယခုလ မတ်လကုန်ပိုင်းတွင် မော်တော်ယာဉ်အားလုံး ဖောင်းကြွနံပါတ်ပြားအသစ်တွေ အပြီးပြောင်းလဲတပ်ဆင်ကြရန် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်း့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ထပ်မံအသိပေး ထုတ်ပြန်ထားသည်။

နိုင်ငံပိုင်ဌာနဆိုင်ရာယာဉ်များ၊ အဝေးပြေးခရီးသည်တင်ယာဉ်များ၊ မြို့တွင်း ခရီးသည်တင်ယာဉ်လိုင်းများ၊ တက္ကစီယာဉ်တွေနှင့် ကုန်တင်ယာဉ်အားလုံးသည် မတ်လ ၃၁ ရက်အပြီး ဖောင်းကြွနံပါတ်ပြားပုံစံအသစ်ကို မပျက်မကွက် ပြောင်းလဲတပ်ဆင်မှုပြုလုပ်ရန် အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ယင်းအပြင် ပုဂ္ဂလိက မော်တော်ယာဉ်ပိုင်ရှင်တွေအနေဖြင့် ကားလိုင်စင် သက်တမ်းတိုးချိန်တွင်ဖြစ်စေ၊ သက်တမ်းတိုးချိန်မတိုင်မီဖြစ်စေ သက်ဆိုင်ရာ ကညနရုံးများနှင့် ဆက်သွယ်ပြီး ဖောင်းကြွနံပါတ်ပြားအသစ်တွေကို အမြန်ပြောင်းလဲတပ်ဆင်ရမည်ဟု ဆိုသည်။

အသစ်ပြုလုပ်လိုက်သည့် ဖောင်းကြွနံပါတ်ပြားများတွင် မြို့နယ်အလိုက် ကိုယ်စားပြုဂဏန်းဖော်ပြမှုများ မော်တော်ယာဉ်အမျိုးအမည်ဖော်ပြမှုများ ထပ်တိုးရိုက်နှိပ်ထားကြောင်း သိရသည်။

ထိုသို့ထပ်တိုးထည့်သွင်းခြင်းဖြင့် မော်တော်ယာဉ်နံပါတ်ပြားကို အခြားတရားမဝင်ယာဉ်များတွင် တပ်ဆင်အသုံးပြုမှုကို ထိန်းချုပ်တားဆီးနိုင်မည့်အပြင် မော်တော်ယာဉ်တည်ရှိသည့်မြို့နယ်ကိုပါ ခွဲခြားသိရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here