ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသည့် လာအိုနိုင်ငံသားက အသက်မပြည့်သေးသည့် မြန်မာမိန်းကလေးငယ်အား အဓမ္မပြုကျင့်ပြီးနောက် ကြိုးဆွဲချသေဆုံးသွား

0
266

ထိုင်းနိုင်ငံ၊ စမွတ်ပရာကန်ခရိုင်တွင်အလုပ် လုပ်ကိုင်နေသည့် အသက် (၄၈)နှစ်အရွယ်ရှိ လာအိုနိုင်ငံသားသည် မတ် ၅ ရက်ညပိုင်းက အသက်မပြည့်သေးသည့် မြန်မာမိန်းကလေးငယ်အား အဓမ္မပြုကျင့်ခဲ့ကြောင်း သိရသည်။

လာအိုနိုင်ငံသားသည် မတ် ၅ ရက်နံနက်ပိုင်းက ကွာရှင်းထားသည့်ဇနီးဟောင်းအား အဓမ္မပြုကျင့်ကာရိုက်နှက်ပြီးနောက် မိတ်ဆွေဖြစ်သူ၏နေအိမ်၌ ပုန်းအောင်းနေစဥ် အသက်(၁၂)နှစ်အရွယ်ရှိ မြန်မာမိန်းကလေးငယ်အားထပ်မံ၍ အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်သည်။

အဓမ္မပြုကျင့်ခံရမှုကြောင့် မြန်မာမိန်းကလေးငယ်သည် ဆေးရုံတွင် ဆေးကုသမှုခံယူနေရပြီး ဖြစ်စဥ်အား ဘန်စူရဲစခန်းတွင်အမှုဖွင့်တိုင်ကြားခဲ့ကြပြီး ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအားကူညီပေးနေသည့် အဖွဲ့အစည်းများမှလည်း မြန်မာမိန်းကလေးငယ်အား ကူညီမှုများပြုလုပ်ပေးလျက်ရှိသည်။

ထို့ကြောင့် အဓမ္မပြုကျင့်ခဲ့သည့် လာအိုနိုင်ငံသားအား အဓမ္မပြုကျင့်မှု ၂ မှုဖြင့် ထိုင်းရဲတပ်ဖွဲ့မှ ဖမ်းဆီးရန်ရှာဖွေနေစဥ် မတ် ၆ ရက်ညပိုင်းက ၎င်းနေထိုင်သည့် အခန်းအတွင်း၌ကြိုးဆွဲချ၍ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ရုပ်အလောင်းအား ရင်ခွဲစစ်ဆေးမှုများပြုလုပ်ရန် ဆေးရုံသို့လူမှုကူညီရေးအသင်းကားဖြင့် ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here