ပုံနှိပ်ထုတ်ဝေဥပဒေကို ပြင်ဆင်ပြဌာန်းရာယခင်ကပုံနှိပ်သူကိုတွဲထား​သော်လည်းယခု ထုတ်ဝေသူတွေသာ အဓိကတာဝန်ရှိသူတွေဖြစ်လာမည်

0
165

နစက မှ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ နစက ဥပဒေအမှတ် ၁၇/၂၀၂၃ ဖြင့် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေအားပြင်ဆင်သည့် ဥပဒေကို မတ် ၆ ရက်ကအသိပေးထုတ်ပြန်ခဲ့သည်။

ပြင်ဆင်ခဲ့သည့် ဥပဒေ၏ ပုဒ်မ ၆ တွင် လုပ်ငန်းအ သိအမှတ်ပြုလက်မှတ်ရရှိသူသည် ယင်းလက် မှတ်ကိုရရှိရန် မရိုးမဖြောင့်သောသဘော၊လိမ် လည်လှည့်ဖျား၍ လျှောက်ထားခဲ့ကြောင်း စစ် ဆေးတွေ့ရှိပါက ယင်း လက်မှတ်အားပြန်လည်ရုပ်သိမ်းခြင်း(သို့)ကာလအကန့်အသတ်ဖြင့်ရပ် ဆိုင်းခြင်းများပြုလုပ်သွားမည်ဟု ဖော်ပြထား သည်။

ထို့ပြင် ပုဒ်မ ၈ ၏စည်းကမ်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်းသည်ဟု သံသယရှိသောထုတ်ဝေစာကို ပုံ နှိပ်ထုတ်ဝေခဲ့ကြောင်း ခိုင်လုံသောအထောက်အ ထားဖြင့်သတင်းပေးပို့ခြင်းကို လက်ခံရရှိလျှင်၊ ကိုယ်တိုင်သိရှိလျှင် သတ်မှတ်ချက်နှင့်အညီ စစ် ဆေး၍ ငြိစွန်းကြောင်းတွေ့ရှိပါကလည်း ဝန်ကြီး ဌာနမှ လုပ်ငန်းအသိအမှတ်ပြုလက်မှတ်ကို ပြန် လည်ရုပ်သိမ်းခြင်း(သို့)ကာလအကန့်အသတ်ဖြင့်ရပ်ဆိုင်းခြင်းများပြုလုပ်သွားမည်ဖြစ်သည်။

ပုံနှိပ်ခြင်နှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပုဒ်မ ၉ ကိုလည်း ဝန်ကြီးဌာနသည် ပုဒ်မ ၈ ပါစည်းကမ်းချက်တစ်ရပ်ရပ်နှင့်ငြိစွန်းသည့် ထုတ်ဝေစာနှင့်ပတ်သက်၍ တရားမဝင်ထုတ်ဝေစာဖြစ်ကြောင်း နိုင်ငံတော်ပြန်တမ်းတွင် အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်ကြေညာနိုင်သည်ဟု အစားထိုးခဲ့သည်။

ပုဒ်မ ၁၀ ကိုလည်း တရားမဝင်ထုတ်ဝေစာဖြစ် ကြောင်း အမိန့်ကြော်ငြာစာထုတ်ပြန်သည်နှင့် တပြိုင်နက် ရဲအရာရှိ(သို့)ဤကိစ္စအလို့ငှာ ဝန်ကြီး ဌာနက အာဏာအပ်နှင်းထားသော အခြားသူတစ်ဦးဦးသည် ယင်း တရားမဝင်ထုတ်ဝေစာများကို ရာဇဝတ်ကျင့်ထုံးဉပဒေနှင့်အညီ သိမ်းယူနိုင် သည်ဟု အစားထိုးခဲ့သည်။

ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေပုဒ်မ ၁၁ ၊ပုဒ်မခွဲ(ခ)တွင် ပုံနှိပ်သူသည် ၎င်းပုံနှိပ်သော ဆိုသည့် စကားရပ်အား ထုတ်ဝေသူသည် ၎င်းထုတ်ဝေသော ဆိုသည့်စကားရပ်ဖြင့် အစားထိုးခဲ့သည်။

ယခု ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းဥပဒေ ပြင်ဆင်ချက်နှင့်ပတ်သက်၍ ထုတ်ဝေသူတစ်ဦးက
“ပုဒ်မ ၈ ၏စည်းကမ်းတစ်ရပ်ကို ငြိစွန်းသည်ဟု သံသယရှိသော ထုတ်ဝေစာကို ပုံနှိပ်ထုတ်ဝေခဲ့ကြောင်း ခိုင်လုံသောအထောက် အထားဖြင့် သတင်းပေးပို့ခြင်းကို လက်ခံရရှိလျှင် ဆိုတဲ့ဥပဒေစာသားကိုတော့ ထုတ်ဝေသူတွေ ပိုသတိထားသင့်ပါတယ်။
ယခင်ကတော့ ပုံနှိပ်သူကိုပါ တွဲထားတာပါ၊အခုပြင်ဆင်ချက် ဥပဒေမှာတော့ ထုတ်ဝေသူတွေသာ စာအုပ်ထုတ်ဝေခြင်းကိစ္စမှာ အဓိကတာဝန်ရှိသူတွေအဖြစ် တိတိကျကျ သတ်မှတ်လိုက်တဲ့သဘောပါ” ဟု မှတ်ချက်ပေးခဲ့ပါသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here