တာချီလိတ်မြို့တွင် အိမ်စီးကားပေါ်နှင့်နေအိမ်အတွင်းတို့မှ ငွေကျပ်သိန်း ၈၈၀၀ ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများဖမ်းမိ

0
164

ရှမ်းပြည်နယ်၊တာချီလိတ်မြို့တွင် အိမ်စီးကားပေါ်နှင့်နေအိမ်အတွင်းတို့မှ မတ် ၃ ရက်ညပိုင်းက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့မှသိရသည်။

ယင်းနေ့ည ၉ နာရီခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များသည် တာချီလိတ်မြို့၊ဆန်ဆိုင်း(ခ)ရပ်ကွက်၊ဗိုလ်ချုပ်လမ်းတွင် စိုင်းစမ်လှိုင်း(ခ)အိုက်အွမ်နှင့်မသက်ထက်ထားနိုင် တို့မောင်းနှင်လိုက်ပါလာသည့် NISSAN X-TRAIL ကားအားစစ်ဆေးခဲ့ကြသည်။

ကားပေါ်၌ ၎င်းတို့ သယ်ဆောင်လာသည့် စိတ်ပြောင်းဆေးဝါး Happy Water (၇ ဒဿမ ၇၆၅ ကီလို)အား ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးချက်အရ ည ၉ နာရီခွဲတွင် တာချီလိတ်မြို့၊မယ်ခေါင်ရပ်ကွက်၊နယ်မြေ(၄)၊လမ်းသွယ်(၃)ရှိ မအိအိဖြိုး(ခ)ရှုမဝ ငှားရမ်းနေထိုင်သည့်နေအိမ်မှ စိတ်ပြောင်းဆေး ဝါးများဖြစ်သည့် အက်တက်စီအမှုန့် (၂၀၀ ဂရမ်)၊ကတ်တမင်း(၆၀၉ ဂရမ်)၊ Erimin-5 ဆေးပြား ၄၉၀ ပြားနှင့်ဆက်စပ်ပစ္စည်းများအား ထပ်မံဖမ်းဆီးရမိခဲ့သည်။

ထို့ကြောင့် ငွေကျပ် ၈၈၁၇ ဒဿမ ၇၆၅ သိန်းတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးများနှင့်အတူ ဖမ်း ဆီးရမိသူများအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအရေးယူကာ စစ်ဆေးလျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here