ဆိုင်ကယ်မှောက်ပြီး တွဲကားကြီးကထပ်ကြိတ်မိ၍ မြန်မာဇနီးမောင်နှံသေဆုံးခဲ့မှု ထိုင်းနိုင်ငံတွင်ဖြစ်ပွား

0
130

ယမန်နေ့(မတ် ၇ရက်)ညနေပိုင်းက ထိုင်းနိုင်ငံ၊ချွန်ဘူရီခရိုင်ရှိ တလတ်ဗွန်ရကစ်ဈေးသို့ ဆိုင်ကယ်ဖြင့်သွားရောက်သည့် မြန်မာဇနီးမောင်နှံနှစ်ဦးသည် မောင်းနှင်လာစဥ်အရှိန်မထိန်းနိုင်ဘဲ ဆိုင်ကယ်တိမ်းမှောက်သွားခဲ့သည်။

တိမ်းမှောက်စဥ် မောင်းနှင်လာသည့် ၂၂ ဘီးတွဲကားမှ မြန်မာဇနီးမောင်နှံနှစ်ဦးလုံးအား တက်ကြိတ်မိသွားသဖြင့် ထိခိုက်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထို့ကြောင့် သေဆုံးခဲ့သည့် မြန်မာဇနီးမောင်နှံ၏ ရုပ်အလောင်းများအား ချွန်ဘူရီခရိုင်ရှိ လူမှုကူညီရေးအသင်းဝင်များက စီရာဇာမြို့ဆေးရုံသို့ပို့ ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

မြန်မာဇနီးမောင်နှံနှစ်ဦးသည် ချွန်ဘူရီခရိုင်၊စီရာဇာမြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်၌ ဆေးသုတ်အလုပ်သမားများဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here