ကုန်ကားနှစ်စီး မီးရှို့ခံရသည့်ဖြစ်စဉ် ချင်းရွှေဟော်လမ်းပိုင်းတွင် ဖြစ်ပွားခဲ့

0
246

မြန်မာ – တရုတ် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်သည့် ချင်းရွှေဟော်လမ်းတွင် ယမန်နေ့မနက်ပိုင်းက ကုန်ကား ၂ စီး မီးရှို့ခံရကြောင်း နယ်စပ်ကုန်သည်လုပ်ငန်းရှင်များ၏ ပြောပြချက်အရ သိရသည်။

“အဲဒါပြောရရင်တော့ခက်တယ်၊ ဘာအပေးအယူမပေးလဲမသိဘူး၊ အဲဒီကိစ္စကြောင့်ရှို့တယ်ထင်ပါတယ်၊ ဒါက တရားတော့မဝင်ဘူးပေါ့၊ သွားလို့ရှိရင် တို့အဖွဲ့အစည်းတွေက ဆတ်ကြေးပေးရတယ်၊ ဆတ်ကြေးမပေးလို့ အဖွဲ့အစည်းတစ်ခုကနေပြီးတော့ မီးရှို့တာဖြစ်မယ်၊ မူဆယ်လမ်းပိုင်းမှာလည်းရှိတယ်၊ နည်းနည်းလေးမဟုတ်ဘူး၊ အများကြီးရှိတယ်” နယ်စပ်ကုန်သည်တစ်ဦးက ပြောသည်။

ချင်းရွှေဟော်နယ်စပ်ကုန်သွယ်ရေးဂိတ်မှ တရုတ်နိုင်ငံသို့ ဆန်ကွဲ၊ ရော်ဘာ၊ လက်ဖက်ခြောက်၊ နှံစားပြောင်း၊ ဝဥစို၊ ဝဥခြောက် တင်ပို့လျက်ရှိပြီး အများဆုံးတင်သွင်းသောကုန်စည်မှာ အိမ်ရိုက်သံ၊ သံပိုက်၊ မြေဆီ၊ ဆေးနှင့်ဆေးဝါးပစ္စည်းတို့ဖြစ်ကြောင်းသိရသည်။

အဆိုပါဂိတ်သည် မန္တလေးမြို့မှ (၂၈၂) မိုင်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှ (၈၅) မိုင်၊ သိန္နီမြို့မှ (၅၃) မိုင်နှင့် ကွမ်းလုံမြို့မှ (၉) မိုင်၊ “ဝ”ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဟိုပန်မြို့မှ (၃) မိုင်၊ နှစ်နိုင်ငံနယ်စပ် ချင်းရွှေဟော်မြို့မှ (၅) မိုင်နှင့် လောက်ကိုင်မြို့မှ (၂၆) မိုင်အကွာတွင်တည်ရှိခြင်း ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here