ပအိုဝ်းဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များကို ဆက်လက်ဆောင်ရွက်ပေးသွားမည်

0
100

နစက ဥက္ကဋ္ဌမှ မတ် ၇ ရက်နံနက်ပိုင်းက ကျောက်တလုံးကြီးမြို့သို့ရောက်ရှိစဥ် ပအိုဝ်းကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသဖွံဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ဆွေးနွေးရာ၌ပြောကြားခဲ့ခြင်းဖြစ်သည်။

“ပအိုဝ်းဒေသဖွံ့ဖြိုးတိုးတက်ဖို့အတွက် နိုင်ငံတော်နဲ့တပ်မတော်က လိုအပ်တာတွေကို ကူညီဆောင် ရွက်ပေးနေပါတယ် ဆက်ပြီးလည်းဆောင်ရွက်ပေးသွားမှာပါ”ဟု နစက ဥက္ကဋ္ဌကပြောသည်။

ထို့ပြင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများဆောင်ရွက်ရာတွင် လူအများနှင့်ဒေသအကျိုးကိုဖြစ်ထွန်းစေမည့် လုပ်ငန်းများကိုသာဦးစားပေးဆောင်ရွက်စေလိုကာ စိုက်ပျိုးရေး၊မွေးမြူရေးနှင့်စက်မှုလုပ်ငန်းများဆောင်ရွက်ရာ၌ ဒေသတွင်းရှိပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရန်၊
ဒေသတွင်းဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုးရေး၊မွေးမြူရေး၊ကုန်ထုတ်လုပ်မှုလုပ်ငန်းများအား ပမာဏများများဖြင့် စဉ်ဆက်မပြတ်ထုတ်လုပ်နိုင်သည့် ကုန်ထုတ်လုပ်မှုမျိုးဖြစ်အောင် ဆောင်ရွက်ရန်တို့ကိုအား​ပေး​ပြောကြားခဲ့သည်။

“ပအိုဝ်းဒေသကထွက်တဲ့ ထောပတ်သီးဟာ အရည်အသွေး ကောင်းမွန်တဲ့အတွက် စိုက်ပျိုးတာကို ပိုမိုမြှင့်တင်ဆောင်ရွက်စေလိုပါတယ် နောက်ပြီး ကြက်သွန်၊အာလူး၊လက်ဖက် စိုက်ပျိုးရေးထုတ်ကုန်တွေကို တန်ဖိုးမြှင့်ထုတ်ကုန်တွေအဖြစ် ထုတ်လုပ်နိုင်ဖို့စဉ်းစားဆောင်ရွက်ကြစေလိုပါတယ်”ဟု လည်းနစက ဥက္ကဋ္ဌကတိုက်တွန်းခဲ့သည်။

ပအိုဝ်းဒေသရှိ မြေပေါ်မြေအောက် သယံဇာတများကို လွယ်လွယ်ကူကူထုတ်ယူသုံးစွဲခြင်းများကိုရှောင်ရှား၍ ရေရှည်အကျိုးရှိမည့်လုပ်ငန်းများကို လုပ်ဆောင်စေလိုကာ ဒေသအတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအား သမဝါယမစနစ်ဖြင့် ထိထိရောက်ရောက်ဆောင်ရွက်ပါက အောင်မြင်နိုင်မည်ဟုလည်းအကြံပြု​​ပြောကြားခဲ့သည်။

ထို့နောက် နစက ဥက္ကဋ္ဌသည် ကျောက်တလုံးကြီးမြို့၊ ဗိုလ်ပန္တကုန်းတော်ရှိ မဟာဝံသဗုဒ္ဓဂယာ စေတီတော်အား ဖူးမြော်ကြည်ညိုကာ ဘက်စုံအလှူငွေများလှူဒါန်းပြီး စေတီတော်ကြီး အထက်ပစ္စယံရှိ ဗုဒ္ဓရုပ်ပွားတော်အားဖူးမြော်၍ စေတီတော်ရေရှည်တည်တံ့ခိုင်မြဲရေး၊ကြည်ညိုသပ္ပါယ်ဖွယ်ဖြစ်စေရေးတို့အတွက် ထိန်းသိမ်းဆောင်ရွက်ရန်မှာကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here