တရုတ်သံအမတ်ကြီးက UEC ၏ ရွေးကောက်ပွဲကျင်းပနိုင်ရေးပြင်ဆင်ဆောင်ရွက်နေမှုတို့ကိုလာ​ရောက်​မေးမြန်း

0
162

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးမှ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး H.E. Mr. Chen Hai အား မတ် ၇ ရက်နေ့လည် ၁ နာရီက လက်ခံတွေ့ဆုံခဲ့သည်။

တရုတ်သံအမတ်ကြီးက UEC ၏ ရွေးကောက်ပွဲကျင်းပနိုင်ရေးပြင်ဆင်ဆောင်ရွက်နေမှု၊နိုင်ငံရေးပါတီများနှင့်ပတ်သက်သည့်အခြေအနေ၊တည်ငြိမ်အေးချမ်း၍လွတ်လပ်တရားမျှတသော ရွေးကောက်ပွဲကျင်းပနိုင်မည့်အခြေအနေများကို မေးမြန်းမှုအား ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ရွေးကောက်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု၊ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊နည်းဥပဒေများပြဋ္ဌာန်းခဲ့မှု၊နိုင်ငံရေးပါတီများတည်ထောင်ခွင့်၊မှတ်ပုံတင်ခွင့်လာရောက်လျှောက်ထားမှုနှင့်စိစစ်ဆောင်ရွက်နေမှုတို့အား UEC ဥက္ကဋ္ဌကရှင်းလင်းပြောကြားခဲ့သည်။

ထို့ပြင် လာမည့်ရွေးကောက်ပွဲများတွင် အီလက်ထရောနစ် မဲပေးစက်အသုံးပြုရန်ဆောင်ရွက်နေမှု၊ အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးမည့်အခြေအနေတို့ကိုလည်း ရှင်းလင်းပြောကြားခဲ့သည်။

ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ၊မဲဆန္ဒရှင်များလက်ခံသည့် မှန်ကန်မျှတသော ရွေးကောက်ပွဲများကျင်းပရန် ဆောင်ရွက်နေမှု၊ဆန္ဒမဲပေးခွင့်ရှိသူများ ဥပဒေနှင့်အညီ မဲပေးနိုင်ရန် ဆောင်ရွက်နေမှုတို့ကိုလည်း ရှင်းလင်းပြောကြားကာ နိုင်ငံရေးပါတီဆိုင်ရာနှင့်ရွေးကောက်ပွဲကျင်းပနိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here