မတ်လ၌ တရုတ်နိုင်ငံ၏မြို့ကြီးအများစုတွင် စံချိန်တင်အပူချိန်မြင့်တက်

0
374

တရုတ်နိုင်ငံ၏ အဓိကမြို့ကြီးများ၌ ယခုတစ်ပတ်အတွင်း အပူချိန်သည် စံချိန်တင်မြင့်တက်ခဲ့ကြောင်းသိရပြီး ဝူဟန်နှင့်ကျန်းကျိုးမြို့များတွင် ပုံမှန်ထက် ၁၀ ဒီဂရီပိုများလာသည်ဟုဆိုသည်။

မတ်လဆန်းပိုင်း၌ ဝူဟန်မြို့၏အပူချိန်သည် ၂၆ ဒီဂရီ ဆဲလ်စီးယပ်စ်အထိဖြစ်လာကာ ယခင်ပုံမှန်ထက် ၁၂ ဒီဂရီမြင့်နေသည်ဟုဆိုထားသည်။

နိုင်ငံ၏မိုးလေဝသဌာနကလည်း ကမ္ဘာ့ရာသီဥတုပြောင်းလဲခြင်းကြောင့် တရုတ်၌အပူချိန်မြင့်တက်မှုသည် ယခု ၂၀၂၃ ခုနှစ်တွင်လည်း ခံစားရလိမ့်ဦးမည်ဟုကြိုတင်သတိပေးထားသည်။

နိုင်ငံအနောက်တောင်ဘက်ရှိ ယွန်နန်မြို့တွင်လည်း အပူချိန်မြင့်တက်မှုကြောင့် မိုးခေါင်ရေရှားဖြစ်လာကာ ယင်းသို့ဖြစ်နေမှုသည် ဧပြီလအထိဆက်ဖြစ်နေနိုင်သည်ဟုခန့်မှန်းထားသည်။

ယခုတစ်ပတ်အတွင်း လေဖိအားနည်းရပ်ဝန်းအခြေအနေများ‌ကြောင့် စက်မှုလုပ်ငန်းများအများဆုံးထွန်းကားရာ တရုတ်နိုင်ငံ၏‌ပေကျင်း၊တီရန်ကျင်းနှင့် ဟီးပေဒေသတစ်ခွင်၌လည်း မီးခိုးမြူများကျဆင်းလာကာ အပူချိန်မြင့်တက်နေကြောင်းသိရသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here