စင်္ကာပူနိုင်ငံတွင်ကျင်းပမည့် ASEAN Freestyle Championships ပြိုင်ပွဲတွင် မြန်မာလူငယ်များ ၀င်ရောက်ယှဉ်ပြိုင်မည်

0
108

စင်္ကာပူနိုင်ငံတွင်ကျင်းပမည့် ASEAN Freestyle Championships ပြိုင်ပွဲတွင် မြန်မာလူငယ်များ ၀င်ရောက်ယှဉ်ပြိုင်ရန် ယနေ့ (မတ်လ ၈ ရက်) နံနက်ပိုင်းက ထွက်ခွာသွားပြီဖြစ်ကြောင်း သိရသည်။

စင်္ကာပူနိုင်ငံတွင် မတ်လ ၈ ရက်မှ ၁၅ ရက်ထိကျင်းပမည့် ၇ ကြိမ်မြောက် ASEAN Freestyle Championships ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် Inline Freestyle Slide and Slalom Department မှ ဦးသက်ခိုင်ဦး(နည်းပြချုပ်) ဦးဆောင်သော အသင်းအနေဖြင့် Slide နှင့် Classic Slalom ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ထောက်ကြန့်မြို့နယ် Million Skate Land တွင်လေ့ကျင့်ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲတွင် အာဆီယံနိုင်ငံများအပြင် အိန္ဒိယ၊ တရုတ်တိုင်ပေ၊ ကိုးရီးယား နှင့် ဂျပန်တို့ပါဝင်သော Asian Categories ကိုလည်း ထည့်သွင်းထားသည်ဟု သိရသည်။

အဆိုပါပြိုင်ပွဲအား အသက် ၁၇ နှစ်အောက်နှင့် ၁၅ နှစ်အောက်ကစားသမားများဖြစ်သော မောင်ဇွဲပြည့်ထွန်း ၊ မောင်ထူးလင်းမြတ် နှင့် မပြည့်ပြည့်ဖြိုးတို့က ၀င်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here