လျှပ်စစ်သုံးယာဉ်အားသွင်းစက်(၁၀) စုံထပ်မံရောက်ရှိ

0
263

Asia Pacific Automaker Corporation Co., Ltd. မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် လျှပ်စစ်သုံးယာဉ်အားသွင်းစက် (EV Charger) 60KW (၁၀) စုံသည် မြန်မာစက်မှုဆိပ်ကမ်းသို့ ထပ်မံရောက်ရှိလာကြောင်း သိရသည်။

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံအတွင်းသို့ လေးကြိမ်မြောက် အားသွင်းစက်များ ရောက်ရှိခြင်းဖြစ်သည်။

အဆိုပါ ရောက်ရှိလာသော EV Charger များကိုအကောက်ခွန်ရှင်းလင်းခြင်းဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ခဲ့ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ အကောက်ခွန် ကင်းလွတ်ခွင့်ဖြင့် နေ့ချင်းပြီး ထုတ်ယူခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

ရန်ကုန်-မန္တလေးအမြန်လမ်းပေါ်တွင် တည်ဆောက်မည့် charging station များအတွက် လျှပ်စစ်သုံးယာဉ် အားသွင်းစက်များ၊အိမ်သုံးအားသွင်းစက်များ၊ နေပြည်တော် သပြေကုန်းဈေးရှိ charging station အတွက် အားသွင်းစက်များပြီးခဲ့သည့် ဖေဖော်ရီလတွင် ရောက်ရှိခဲ့ပြီး လက်ရှိတွင်လည်း နေပြည်တော် သပြေကုန်းဈေးရှိ charging station မှာ စတင်အသုံးပြုနေပြီဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ရန်ကုန်မြို့အတွင်းရှိ မြို့နယ် ၅ မြို့နယ်တွင် လျှပ်စစ်သုံးယာဉ်တွေအတွက် charging station များစတင်တည်ဆောက်နေပြီဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here