နိုင်ငံခြားငွေနှင့် အခွန်ပေးဆောင်ခြင်းကို နိုင်ငံပိုင်ဘဏ်များမှာသာ နိုင်ငံခြားငွေစာရင်းဖွင့်လှစ်ပြီး ပေးသွင်းရမည်

0
143

နိုင်ငံခြားငွေဖြင့် အခွန်ပေးဆောင်ရသူများအား မြန်မာ့စီးပွားရေးဘဏ် (MEB)၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB)၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှု (MFTB) စသည့် နိုင်ငံပိုင်ဘဏ်တွေမှာသာ နိုင်ငံခြားငွေစာရင်းဖွင့်လှစ်ပြီး အခွန်ပေးသွင်းရမည်ဖြစ်ကြောင်း ဗဟိုဘဏ်က ညွှန်ကြားထားသည်။

AD  လိုင်စင်ရပုဂ္ဂလိကဘဏ်များနှင့်  နိုင်ငံခြားဘဏ်၊  ဘဏ်ခွဲ၊  လက်အောက်ခံဘဏ်များမှ MEB ၊ MFTB ၊ MICB တို့သို SWIFT ဖြင့် ငွေလွှဲပိုရာတွင် ကျသင့်သည့် SWIFT Charges ကို အခွန်ပေးဆောင်သူမှ ကျခံရမည်ဖြစ်ပြီး အခွန်ထမ်းဆောင်သူများအနေဖြင့် အခွန်အပြင် Bank Charges ပါ ကျခံရမည်ဖြစ်ကြောင်း ခန့်မှန်း ဘဏ်ဝန်​ဆောင်ခသည် Transaction တစ်ကြောင်းလျှင် AD License + Nostro Based + State Bank အပါအဝင် ခန့်မှန်း USD 55 ပိုမိုကုန်ကျမည်ဖြစ်ကာ ပမာဏ များပါက ရာခိုင်နှုန်းဖြင့် တွက်ချက်နိုင်ကြောင်းလည်း လုပ်ငန်းရှင်များက သုံးသပ်ထားသည်။ 

ယင်းကြောင့် Bank Charges မကျခံနိုင်ပါက MEB၊ MFTB၊ MICB Bank တွေမှာ နိုင်ငံခြားငွေစာရင်းဖွင့်လှစ် ဆောင်ရွက်နိုင်ကြောင်း သိရသည်။

ပုဂ္ဂလိကဘဏ်နှင့် နိုင်ငံခြားဘဏ်ခွဲများတွင် နိုင်ငံခြားငွေစာရင်းဖွင့်လှစ်ထားပါက အခွန်အဖြစ် ပေးသွင်းရမည့် နိုင်ငံခြားငွေကို ပုဂ္ဂလိကဘဏ်နှင့် နိုင်ငံခြားဘဏ်ခွဲများတွင် ကျပ်ငွေသို့လဲလှယ်ခြင်း မပြုစေဘဲ မြန်မာ့စီးပွားရေဘဏ် (MEB) သို့အဆိုပါနိုင်ငံခြားငွေအတိုင်း လွှဲပြောင်းပေးသွင်းရန်  မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၂၅) ရက်နေ့တွင် ညွှန်ကြားချက်အမှတ် ၂/၂၀၂၃ ဖြင့် ထုတ်ပြန်ကြေညာထားသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here