မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးမှ ကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၄ ဒသမ ၉ ဘီလီယံကျော် ရရှိထား

0
172

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်ရဲ့ ဧပြီလ ၁ ရက်မှ ဖေဖော်ဝါရီလ ၂၄ ရက်အထိ မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးမှ ပို့ကုန် သွင်းကုန်း နှစ်ခု​ပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၄ ဒသမ ၉ ဘီလီယံကျော်ရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးကြီးဌာန၏ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

ပြီးခဲ့သည့်နှစ်ကာလတူဖြင့်နှိင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၅၄၅ ဒသမ ၈၂ သန်းပိုမိုရရှိခဲ့ပြီး မြဝတီနယ်စပ်ဂိတ်မှ ကုန်သွယ်မှုအများဆုံးပြုလုပ်ထားခြင်းဖြစ်သည်။ 

ယခုဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုအများဆုံးပြုလုပ်သည့် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးထက် မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်ရေးသည် မြင့်တက်နေကြောင်းကုန်သွယ်မှုစာရင်းများအရ သိရသည်။

ယင်းအပြင် မြဝတီကုန်သွယ်ရေးဇုန်၌ ထိုင်းနိုင်ငံနှင့်ကုန်သွယ်မှု ပြုလုပ်ရာတွင် ကျပ်ငွေတန်ဖိုးမြင့်တက်နေပြီး ထိုင်းဘတ်ဈေးကျနေသည့်အတွက် သွင်းကုန်ပစ္စည်းများ ပိုမိုတင်သွင်းလျက်ရှိကြောင်း သိရသည်။

ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှ မြန်မာ့လယ်ယာထွက်ကုန်များဖြစ်သည့် ပြောင်း၊ ရော်ဘာ၊ ငရုတ်၊ ပဲ၊ ကြက်သွန်နှင့် ရေထွက်ကုန်ဖြစ်သည့် ငါး၊ ပုဇွန်၊ ဂဏန်းတွေကို ထိုင်းနိုင်ငံသို့ အဓိကတင်ပို့နေပြီး ထိုင်းနိုင်ငံမှ CMP အထည်အလိပ်၊ ဆေးဝါး နှင့် ဆက်စပ်ပစ္စည်း၊ စိုက်ပျိုးရေးသုံးနှင့် စက်ရုံသုံး ကုန်ကြမ်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးကုန်ပစ္စည်း၊ စက် နှင့် စက်အပိုပစ္စည်း၊ စားသောက်ကုန် အစရှိသည်တို့ကို အများဆုံး တင်သွင်းနေကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here