မင်းဘူး(စကု)မြို့နယ်၌ ယနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမရက်တွင် စာ​ဖြေသူ ၇၃၈ ဦးဖြေဆိုခဲ့

0
130

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား မတ် ၈ ရက်(ယနေ့)နံနက် ၉ နာရီက မြန်မာစာဘာသာကို မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စတင်ဖြေဆိုခဲ့ကြရာ မကွေးတိုင်း၊မင်းဘူး(စကု)မြို့နယ်မှ ကျောင်းသား၊ကျောင်းသူ ၇၃၈ ဦး ဝင်ရောက်ဖြေဆိုခဲ့သည်။

မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် အ.ထ.က(၁)မင်းဘူး၊ အ.ထ.က(စကု)နှင့် အ.ထ.က(မုန်တောင်) စာစစ်ဌာန ၃ ခုဖွင့်လှစ်ထားကြောင်း သိရသည်။

ယင်းစာစစ်ဌာနများ၌ တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုရန် စာရင်းသွင်းထားသည့် ကျောင်း သား ၃၁၆ ဦးနှင့်ကျောင်းသူ ၄၈၁ ဦး(စုစုပေါင်း ၇၉၇ ဦး)ရှိကာ ယနေ့တွင် ကျောင်းသား ၂၈၅ ဦး၊ကျောင်းသူ ၄၅၃ ဦး(စုစုပေါင်း ၇၃၈ ဦး)ဝင်ရောက်ဖြေဆိုခဲ့ပြီး ဖြေဆိုရန်ပျက်ကွက်ခဲ့သည့် ကျောင်းသား၊ကျောင်းသူ ၅၉ ဦးရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here