မတ်လ ၉ ရက်မှစ၍ ရန်ကုန်ရေကစားမဏ္ဍပ်များ စတင်လျှောက်ထားနိုင်ပြီဖြစ်

0
225

ယခုနှစ် မဟာသင်္ကြန်ရေသဘင်ပွဲတော်အတွက် ရေကစားမဏ္ဍပ်များ မတ် ၉ ရက်မှစတင်ပြီး လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ကြေညာထားသည်။

ရေကစားမဏ္ဍပ် လျှောက်ထားလိုသူများအနေဖြင့် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ မိသားစုမဏ္ဍပ်များနှင့် ဖျော်ဖြေရေးမဏ္ဍပ်များကို ရေရရှိနိုင်ရေးနှင့် ယာဉ်ကြောကြပ်တည်းမှုအပေါ်မူတည်ပြီး မဏ္ဍပ်အကြီးနှင့် အလတ်တို့ကို စနစ်တကျ ခွင့်ပြုနေရာချထားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းကြောင့် ရေကစားမဏ္ဍပ် အမျိုးအစားအလိုက်ခွဲခြားပြီး သတ်မှတ်လျှောက်လွှာပုံစံကို သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စိစစ်ထောက်ခံချက်များနှင့်အတူ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (လမ်း၊တံတား)ကို လျှောက်ထားပြီး မဏ္ဍပ်နေရာချထားရေးနှင့် ကြံ့ခိုင်မှု စစ်ဆေးလုပ်ငန်ကော်မတီ၏ စိစစ်ချက်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲရုံး၏ခွင့်ပြုချက်ရရှိမှသာ စတင်ဆောက်လုပ်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရေကစားမဏ္ဍပ်များကို သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ခွင့်ပြုနိုင်ရေးအတွက် လျှောက်လွှာများကို မတ်လ ၉ ရက်မှ မတ်လ ၃၁ ရက်အတွင်း လျှောက်ထားရမည်ဖြစ်ပြီး သတ်မှတ်ရက်ထက် နောက်ကျသည့်လျှောက်လွှာများအား လက်ခံစဉ်းစားပေးမည်မဟုတ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here