Monday, February 17, 2025

တေးသံရှင် မာရဇ္ဇ၏ တေးသီချင်းများနှင့် ရုပ်ပုံလွှာကို...

ကွယ်လွန်သူ တေးသံရှင် မာရဇ္ဇ၏ တေးသီချင်းများနှင့် ရုပ်ပုံလွှာကို ခွင့်ပြုချက်မရှိဘဲ သီဆိုခြင်း၊ အသုံးပြုခြင်း မပြုလုပ်ရန် ဇနီးဖြစ်သူက နိုင်ငံပိုင်သတင်းစာများမှတဆင့် ဖေဖော်ဝါရီ (၁၇)ရက်တွင်...

မင်္ဂလာတောင်ညွန့်တွင် ယာဉ် (၄)စီး ဆင့်တို-က်ပြီး...

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မြန်မာ့ဂုဏ်ရောင်ရပ်ကွက်၊ သံသုမာလမ်းပေါ် ယာဉ် (၄)စီးဆင့်တို-က်မိမှု ဖြစ်ပွားပြီး အမျိုးသား (၃) ဦးနှင့် အမျိုးသမီး (၁)ဦးတို့ ထိခိုက်ဒဏ်ရာများရခဲ့ကြောင်း...

နီပေါ လေးနိုင်ငံဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ ပွဲဦးထွက်တွင်...

နီပေါ လေးနိုင်ငံဖိတ်ခေါ် ဘောလုံးပြိုင်ပွဲတွင် မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းက ဘက်ဘနွန်အမျိုးသမီးအသင်းကို ပွဲဦးထွက်တွင် (၃)ဂိုး (၁) ဂိုးဖြင့် အနိုင်ရကာ အဖွင့်လှခဲ့ကြောင်း သိရသည်။ ယနေ့ ဖေဖော်ဝါရီ...

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် နိုင်ငံကူးလက်မှတ် (၅,၀၀၀)ခန့်...

ပြည်ပသို့သွားရောက်မည့် မြန်မာနိုင်ငံသားများအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နိုင်ငံကူးလက်မှတ် (၅,၀၀၀) ခန့် နေ့စဉ်ထုတ်ပေးလျက်ရှိကြောင်း နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး အဖွဲ့(နေပြည်တော်)မှသိရသည်။ လက်ရှိတွင် တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၄)ခုရှိ အိမ်ထောင်စုစာရင်းနှင့်...
HomeNewsLocal Newsပါတီမှတ်ပုံတင်ဥပဒေသစ် ပြဋ္ဌာန်းပြီး ရက်ပေါင်း...

ပါတီမှတ်ပုံတင်ဥပဒေသစ် ပြဋ္ဌာန်းပြီး ရက်ပေါင်း ၃၅ ရက်အတွင်း ပါတီ ၁၇ ပါတီ မှတ်ပုံတင်လျှောက်ထား

၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်တွင် နိုင်ငံရေးပါတီများပြန်လည်မှတ်ပုံတင်ရန် ဥပဒေအသစ်ပြဋ္ဌာန်းပြီး ရက်ပေါင်း ၃၅ ရက်အတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ နိုင်ငံရေးပါတီတည်ထောင်ခွင့်နှင့် ဆက်လက်တည်ထောင်ခွင့်မှတ်ပုံတင်လျှောက်ထားလာသည့် ပါတီ ၁၇ ပါတီ ရှိပြီဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အသိပေးထုတ်ပြန်ထားသည်။

မတ်လ ၇ ရက်တွင် နိုင်ငံရေးပါတီ တည်ထောင်လိုသည့် ဝံသာနုပါတီသည် ဆက်လက်တည်ထောင်လိုသည့် ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) တို့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို လာရောက်လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁ ရက်မှ မတ်လ ၇ ရက်အထိ ပါတီအသစ်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်လျှောက် ထားသည့် ပါတီ ၆ ပါတီ ရှိပြီး နိုင်ငံရေးပါတီအဖြစ် ဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့်လျှောက်ထားသည့် ပါတီ ၁၁ ပါတီ ရှိကြောင်း ဖော်ပြထားသည်။

ယင်းအပြင် လျှောက်ထားသည့်ပါတီ ၁၇ ပါတီထဲမှ ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမည့် ပါတီ ၅ ပါတီရှိပြီး တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် တစ်ခုအတွင်းမှာပင် စည်းရုံးမည့် ပါတီ ၁၂ ပါတီ ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ၊ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ၊ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ (MPD)၊ ပြည်ထောင်စုဒီမိုကရေစီပါတီ (Union Democracy Party)၊ ပအိုဝ်းအမျိုးသားအဖွဲချုပ် (PNO) ၊ ဒီမိုကရက်တစ်အင်အားစုလေဘာပါတီ၊ ဒီမိုကရေစီပါတီသစ်(ကချင်) နှင့် ပြည်သူ့အကျိုးပြုကျောင်းသားများပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်၊ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ၊ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ရခိုင့်ဦးဆောင်ပါတီ၊ ပြည်သူ့အင်အားပါတီ၊ ဝံသာနုပါတီနှင့် ကချင်ပြည်နယ် ပြည်သူ့ပါတီ (KSPP) တို့ဖြစ်ကြောင်း  သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တေးသံရှင် မာရဇ္ဇ၏ တေးသီချင်းများနှင့် ရုပ်ပုံလွှာကို ခွင့်ပြုချက်မရှိဘဲ အသုံးမပြုဖို့ ဇနီးဖြစ်သူ ကြေညာ

ကွယ်လွန်သူ တေးသံရှင် မာရဇ္ဇ၏ တေးသီချင်းများနှင့် ရုပ်ပုံလွှာကို ခွင့်ပြုချက်မရှိဘဲ သီဆိုခြင်း၊ အသုံးပြုခြင်း မပြုလုပ်ရန် ဇနီးဖြစ်သူက နိုင်ငံပိုင်သတင်းစာများမှတဆင့် ဖေဖော်ဝါရီ (၁၇)ရက်တွင် အသိပေးကြေညာသည်။ တေးသံရှင် မာရဇ္ဇ၏ ရုပ်ပုံလွှာနှင့် တေးသီချင်းများကိုဖြစ်စေ၊ တစ်စိတ်တစ် ဒေသကို ဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ အသုံးမပြုရန် အသိပေးထားပြီး အသိပေးထားသည်ကို လိုက်နာခြင်းမရှိပါက ပြုလုပ်သူအပေါ် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ် ကြောင်း ဇနီးဖြစ်သူက ကြေညာထားခြင်း ဖြစ်သည်။ အဆိုတော် မာရဇ္ဇသည် ဇန်နဝါရီ (၂၃) ရက် ညပိုင်းက နာတာရှည်ကျောက်ကပ်ရောဂါဖြင့်...

မင်္ဂလာတောင်ညွန့်တွင် ယာဉ် (၄)စီး ဆင့်တို-က်ပြီး (၄) ဦး ဒဏ်ရာရ

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မြန်မာ့ဂုဏ်ရောင်ရပ်ကွက်၊ သံသုမာလမ်းပေါ် ယာဉ် (၄)စီးဆင့်တို-က်မိမှု ဖြစ်ပွားပြီး အမျိုးသား (၃) ဦးနှင့် အမျိုးသမီး (၁)ဦးတို့ ထိခိုက်ဒဏ်ရာများရခဲ့ကြောင်း ဖြစ်စဉ်ကို သွား ရောက် ကူညီခဲ့သည့် လူမှုကူညီရေးအသင်းတို့ထံမှ သိရသည်။ ယနေ့ ဖေဖောဝါရီ (၁၇)ရက်၊ နံနက် (၁၀)နာရီခွဲအချိန်ခန့်က ၎င်းနေရာတွင် ယာဉ်တို-က်မှုဖြစ်ပွားပြီး ထိခိုက်ဒဏ်ရာရသူများရှိကြောင်း သတင်းအရ YRO အဖွဲ့ဝင် ပုသိမ်ညွန့်လူမှုကူညီရေးအသင်း၊ မြန်မာမွတ်စလင်မ်ပရဟိတအသ င်းနှင့် မေတ္တာရောင်ခြည်လူငယ်များ ပရဟိတအသင်းတို့မှ သွားရောက်ကူညီခဲ့ကြကြောင်း သိရသည်။ အဆိုပါ ယာဉ်တို-က်မှု ဖြစ်စဉ်ကြောင့် အမျိုးသား...

နီပေါ လေးနိုင်ငံဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ ပွဲဦးထွက်တွင် မြန်မာအသင်း လက်ဘနွန်ကို အနိုင်ရ

နီပေါ လေးနိုင်ငံဖိတ်ခေါ် ဘောလုံးပြိုင်ပွဲတွင် မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းက ဘက်ဘနွန်အမျိုးသမီးအသင်းကို ပွဲဦးထွက်တွင် (၃)ဂိုး (၁) ဂိုးဖြင့် အနိုင်ရကာ အဖွင့်လှခဲ့ကြောင်း သိရသည်။ ယနေ့ ဖေဖော်ဝါရီ (၁၇) ရက် ညနေပိုင်းအချိန်က နီပေါနိုင်ငံ Dasharath ကွင်းတွင် မြန်မာအမျိုးသမီးလက်ရွေးစင်အသင်းနှင့် ဘက်ဘနွန်အမျိုးသမီးအသင်းတို့ ယှဉ်ပြိုင်ကစားကြခြင်းလည်းဖြစ်သည်။ ပထမပိုင်းပွဲချိန်တွင် ပြိုင်ဘက်အသင်းနှစ်သင်းအနေဖြင့် ဂိုးရရှိခြင်းမရှိဘဲ ဒုတိယပိုင်းပွဲချိန်အတွင်းမှပင် မြန်မာအမျိုးသမီးအသင်းက နောက်ကျဂိုးများဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ မြန်မာလက်ရွေးစင် အမျိုးသမီးအသင်းသည် ဖေဖော်ဝါ ရီ (၂၀) ရက်တွင် ကာဂျစ္စတန်၊ ဖေဖော်ဝါရီ (၂၃) ရက်တွင် အိမ်ရှင် နီပေါအသင်းတို့နှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071