အာရှယူ – ၂၀ ခြေစစ်ပွဲ ပထမအဆင့် အဖွင့်ပွဲစဉ်တွင် မြန်မာအမျိုးသမီးအသင်း အနိုင်ရရှိ

0
229

၂၀၂၄ အမျိုးသမီး ယူ -၂၀ ပြိုင်ပွဲ ခြေစစ်ပွဲ၀င်နေသည့် မြန်မာလက်ရွေးစင် အမျိုးသမီး ယူ-၂၀ အသင်းသည် အုပ်စုအဖွင့်ပွဲစဉ်တွင် အနိုင်ရရှိခဲ့သည်။

မြန်မာလက်ရွေးစင် အမျိုးသမီး ယူ-၂၀ အသင်းသည် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် အိမ်ရှင်အဖြစ် မတ်လ ၈ ရက် ၁၂ ရက်အထိ ကျင်းပမည့်အာရှခြေစစ်ပွဲ ပထမအဆင့် အုပ်စု (G) တွင် အိမ်ရှင် ကမ္ဘောဒီးယား၊ မလေးရှား အသင်းတို့နှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

အိမ်ရှင်ဖြစ်သည့် ကမ္ဘောဒီးယားအသင်းနှင့် ယနေ့ ယှဉ်ပြိုင်ကစားရာ မြန်မာအသင်းက ဒုတိယပိုင်းတွင် ကွင်းလယ်ကစားသမားများဖြစ်သည့် စန္ဒာလင်းနှင့် ဝေဟင်ဖြိုးတို့၏ သွင်းဂိုးများဖြင့် မြန်မာအသင်းက ကမ္ဘောဒီးယားအသင်းကို ၂ ဂိုး ဂိုးမရှိရလဒ်ဖြင့်အနိုင်ရရှိခဲ့သည်။

မြန်မာလက်ရွေးစင် အမျိုးသမီး ယူ-၂၀ အသင်းသည် မတ်လ ၁၂ ရက် မြန်မာစံတော်ချိန် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် မလေးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရဦးမည်ဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here