Bakhmut အရှေ့ဖက်ခြမ်းကို ရုရှားတပ်များ အပြည့်အ၀ ထိန်းချုပ်နိုင်ပြီဟုဆို

0
163

တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ပြီးနောက် ယူကရိန်းနိုင်ငံ Bakhmut မြို့ အရှေ့ဖက်ခြမ်းကို ရုရှားတို့၏ Wagner ပုဂ္ဂလိက စစ်တပ်က အပြည့်အ၀ ထိန်းချုပ်နိုင်ပြီဟုဆိုသည်။ Wagner ကိုတည်ထောင်သူ Yevgeny Prigozhin က တယ်လီဂရမ်မှ အသံဖိုင်ဖြင့် ကြေညာခြင်းဖြစ်သည်။

ယင်းကြေညာမှုကို သီးခြားအတည်မပြုနိုင်သေးသော်လည်း၊ ယူကရိန်းဘက်က တုံ့ပြန်ပြောဆိုမှု မရှိချေ။

Bakhmut အနီးတစ်ဝိုက်တွင် လနှင့်ချီ၍ တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီးနောက်၊ ရုရှားတပ်ဖွဲ့များသည် ခြောက်လအတွင်း ၎င်းတို့၏ ပထမဆုံး သိသာထင်ရှားသော စစ်မြေပြင်အောင်ပွဲ ဖြစ်လာမည့် မြို့ကို သိမ်းပိုက်ရန် စတင်နေပြီဖြစ်သည်။

အနောက်တိုင်း စစ်ဗျူဟာပညာရှင်များနှင့် တာဝန်ရှိသူများကမူ ယင်းမြို့ကို ရုရှားတို့သိမ်းပိုက်ခြင်းသည် ဗျူဟာမြောက်တန်ဖိုးထက်ပိုမိုသော အခြားအဓိပ္ပါယ်ရှိလိမ့်မည်ဟု သုံးသပ်ကြသည်။

ရုရှားကာကွယ်ရေးဝန်ကြီး Sergei Shoigu ကမူ Bakhmut ကို ထိန်းချုပ်ထားပြီးလျှင် မိမိတို့ တပ်ဖွဲ့များကို ယူကရိန်းအတွင်း ပိုမိုနက်ရှိုင်းစွာ ထိုးစစ်ဆင်နိုင်စေမည်ဟု အင်္ဂါနေ့က ပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here