အင်းလေးဒေသ၏ ထွက်ကုန်ပစ္စည်းများအား ဒေသတစ်ခုထုတ်ကုန်တစ်ခုဖြစ်စေရန်ကြိုးစားကြမည်

0
193

အင်းလေးဒေသမှထွက်ရှိသည့် ထွက်ကုန်ပစ္စည်းများအား ယခုထက် အရည်အသွေးပိုမိုကောင်းမွန်စွာထုတ်လုပ်ရောင်းချနိုင်ရေးနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌကပြောကြားခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ညောင်ရွှေမြို့နယ်၊အင်းလေးဒေသရှိ အင်းလေးဖောင်တော်ဦးစေတီတော်မြတ်ကြီးအတွင်းရှိ ဗုဒ္ဓရုပ်ပွား တော်မြတ်များအား နစက ဥက္ကဋ္ဌနှင့်ဇနီးတို့မှ မတ် ၈ ရက်မွန်းလွဲပိုင်းက ဖူးမြော်ကြည်ညိုခဲ့ပြီးဘက်စုံအလှူငွေများကိုလှူဒါန်းခဲ့သလို ဖောင်တော်ဦးစေတီတော်မြတ်ကြီးဆရာတော် ဘဒ္ဒန္တ ဝိဇယအားလည်း ဖူးမြော်၍ လှူ ဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့သည်။ ဆရာတော်ကြီး၏ ကျန်းမာရေးဆိုင်ရာများ​မေး​လျောက်ပြီးအင်းလေးဒေသနှင့်စေတီတော်မြတ်ကြီး ရေရှည်တည် တံ့ခိုင်မြဲရေးအတွက်ပါလျှောက်ထားကာ ဆရာတော်ကြီးထံမှ ဩဝါဒခံယူခဲ့သည်။

ထို့နောက် အင်းလေးဒေသမှထွက်ရှိသည့် ထွက်ကုန်ပစ္စည်းများအား ယခုထက် အရည်အသွေးပိုမိုကောင်းမွန်စွာ ထုတ်လုပ်ရောင်းချနိုင်ရန် လိုအပ်သည့် နည်းပညာနှင့်အကူအညီများပေးအပ်သွားရန်၊ဒေသတစ်ခုထုတ်ကုန်တစ်ခု One Village One Product ဖြစ်စေရေး စီမံဆောင်ရွက်ပေးရန်နှင့် လာမည့်နွေရာသီ ကျောင်းပိတ်ရက်များအတွင်း အင်းလေးဒေသသို့ ပြည်တွင်းပြည်ပမှ ဘုရားဖူးဧည့်သည်များ စိတ်ချမ်းမြေ့စွာလာရောက်နိုင်ရန် တာဝန်ရှိသူများကို မှာကြားခဲ့သည်။

နစက ဥက္ကဋ္ဌသည် အင်းလေးကန်အတွင်း အင်းလေးဒေသ၏ ဖွံ့ဖြိုးတိုးတက်မှုနှင့်သဘာဝပတ်ဝ န်းကျင်ထိန်းသိမ်းနိုင်မည့် အခြေအနေများကိုလည်း ကြည့်ရှုခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here