အမှတ် ၃ လမ်းမကြီးပေါ်တွင် တက္ကစီတစ်စီး ယာဥ်မတော်တဆမှုဖြစ်၊ကားမောင်းသူဒဏ်ရာရ

0
83

ရန်ကုန်တိုင်း၊မင်္ဂလာဒုံမြို့နယ်ရှိ အမှတ် ၃ လမ်းမကြီးပေါ် ကုန်းတလပေါင်းကျေးရွာအ​ရှေ့တွင် တက္ကစီတစ်စီး မတ် ၉ ရက်(ယနေ့)နံနက် ၆ နာရီခန့်ကယာဥ်မတော်တဆမှုဖြစ်ပွားခဲ့၍ မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။

ဖြစ်စဉ်ကြောင့် တက္ကစီ ကားမောင်းသူတွင် ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ပတ္တမြားလူမှုကူညီရေးအသင်းမှ မြောက်ဥက္ကလာပဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here