လက်လုပ်မိုင်းပေါက်ကွဲချိန်ဖြတ်မိသည့်ကား​ပေါ်မှ အရောင်းဝန်ထမ်း ၂ ဦးဒဏ်ရာရ

0
122

မန္တလေးတိုင်း၊မတ္တရာမြို့နယ်၊လက်ဝဲကြီးကျေးရွာနှင့်ကျောက်တံတားကျေးရွာကြားတွင် မတ် ၈ ရက်ညနေ ၅ နာရီခွဲခန့်က လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲခဲ့ရာ ဖြတ်သန်းသွားသည့် ကားတစ်စီးအားထိမှန်သွားသည်။

မိုင်းထိမှန်မှုကြောင့် ကားပေါ်တွင်လိုက်ပါလာသည့် ဇွဲနိုင်ထက် (၂၉)နှစ်နှင့်နေဇော်ဟိန်း(၂၂)နှစ်တို့တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် မတ္တရာမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

“လက်လုပ်မိုင်းပေါက်တဲ့အချိန်ဖြတ်သွားတဲ့ အချိုရည်ကားပေါ်က အရောင်းဝန်ထမ်းကောင်လေး ၂ ယောက်ထိသွားတာပါ တစ်ယောက်ကစိုးရိမ်ရတယ်။ တစ်ယောက်ကတော့ မစိုးရိမ်ရဘူး”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here