ဂျာမနီတွင် အသက် ၁၀၀ အရွယ် အဖွားအား မြေးဖြစ်သူက ပုဆိန်ဖြင့် ခေါင်းဖြတ်သတ်

0
287

ဂျာမနီနိုင်ငံ ဟမ်းဘု(ဂ်) မြို့တွင် အသက် တစ်ရာအရွယ် အဘွားဖြစ်သူအား အသက် ၃၇ နှစ်အရွယ် မြေးဖြစ်သူက ပုဆိန်ဖြင့် ခေါင်းဖြတ်သတ်ခဲ့ကြောင်း သိရသည်။

အငြိမ်းစား လယ်လုပ်သား အမ်မလီ ဂျီကို သူ၏တိုက်ခန်းတွင် မြေးဖြစ်သူ အာသာ ဘီက ဖေဖော်ဝါရီလ ၆ ရက် တနင်္လာနေ့၌ ပုဆိန်ဖြင့် အနောက်ဘက်မှနေ၍ ခုတ်ခဲ့ခြင်းဖြစ်သည်ဟု စုံစမ်းစစ်ဆေးသူများက ဆိုသည်။

အာသာ ဘီသည် အမှုကျူးလွန်ပြီးနောက် ရဲစခန်းထံ ဖုန်းဆက်ကာ သူ၏ အဘွားအား ခေါင်းဖြတ်သတ်မိခဲ့ကြောင်းဝန်ခံခဲ့ပြီး ရဲများရောက်ရှိလာချိန်တွင် အခင်းဖြစ်ပွားရာ၌ ပုဆိန်တစ်လက်ကို မြင်တွေ့ခဲ့ရသည်။ အင်္ဂါနေ့ နေ့လယ်ပိုင်းတွင် တရားသူကြီးက အာသာ ဘီအား လူသတ်မှုဖြင့် ဖမ်းဝရမ်းထုတ်ခဲ့ပြီး ယခုလက်ရှိတွင် အာသာအား အချုပ်ထဲ၌ ထည့်ထားကြောင်း သိရသည်။

လူသတ်မှုဖြစ်ပွားခဲ့ရသည့် အဓိက အကြောင်းရင်းကိုမူ မသိရှိရသေးပေ။

သတင်းများတွင် ဖော်ပြထားချက်အရ အာသာသည် မိသားစုတွင် စုန်းပြူးဖြစ်ပြီး အဖွားဖြစ်သူနှင့်လည်း ပိုက်ဆံကိစ္စကြောင့် စကားများ ရန်ဖြစ်ခဲ့ဖူးသည်ဟု သိရသည်။

အာသာသည် များသောအားဖြင့် အလုပ်လက်မဲ့ ဖြစ်နေသူဖြစ်ပြီး အမြဲတမ်း ငွေလိုနေတတ်ကာ မိသားစုဝင်များပင် ခပ်ခွာခွာနေကြရကြောင်း ဆွေမျိုးတစ်ဦးက ပြောလာခဲ့သည်။ အမ်မလီမသေဆုံးမီက အိမ်နီးနားချင်းတစ်ဦးအား မြေးဖြစ်သူသည် သူ၏ တိုက်ခန်းထဲသို့ ဖောက်ဝင်လာပြီး သူ၏ ငွေများကို ခိုးယူရန် ကြိုးပမ်းခဲ့သည်ဟု ပြောခဲ့ဖူးကြောင်း သိရသည်။

Source: ဒေးလီးမေးလ်


LEAVE A REPLY

Please enter your comment!
Please enter your name here