မြင်းခြံမြို့နယ်၌ နေအိမ်တွင်စကားပြောနေသည့် တောင်သူ ၃ ဦးပစ်သတ်ခံရ

0
150

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊လင်းသစ်ကျေးရွာအုပ်စု၊ဓူဝံကျေးရွာရှိ နေအိမ်တစ်လုံးတွင် စကားပြောနေသည့် တောင်သူ ၃ ဦး မတ် ၈ ရက်နံနက်ပိုင်းက ပစ်သတ်ခံခဲ့ရသည်။

ယမန်နေ့နံနက် ၁၀ နာရီ ၅၅ မိနစ်ခန့်က လက်နက်ကိုင်အမျိုးသား ၈ ဦးသည် ဆိုင်ကယ်များဖြင့် မြင်းခြံမြို့နယ်၊လင်းသစ်ကျေးရွာအုပ်စု၊ဓူဝံကျေး ရွာနေ ဦးမြဝင်း(၇၁)နှစ်နေအိမ်သို့ရောက်ရှိလာပြီးနောက် သေနတ်များဖြင့်ပစ်ခတ်၍ မောင်းနှင်ထွက်ပြေးသွားခဲ့ကြသည်။

ထို့ကြောင့် ဦးမြဝင်းအပါအဝင် တစ်ရွာတည်းနေ ဦးဘိုမြ(၈၅)နှစ်နှင့် ဦးတင်မျိုးထွန်း(၄၅)နှစ်တို့တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြကြောင်း သိရသည်။

“သေဆုံးသူ ၃ ယောက်လုံးက တောင်သူတွေကြီးပါပဲ။အိမ်ထဲမှာစကားထိုင်ပြောနေကြတုန်း သေ နတ်တွေနဲ့ပစ်ခံခဲ့ရတာ။ လုံခြုံရေးအဖွဲ့တွေက ပိတ်ဆို့စစ်ဆေးတာတွေလုပ်နေပါတယ်”ဟု လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here