ကြက်တောင်အားကစားမယ် သက်ထားသူဇာ Yonex German Open 2023 ပြိုင်ပွဲတွင် R32 အဆင့်ဖြင့်သာကျေနပ်ခဲ့ရ

0
205

မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် ဂျာမနီနိုင်ငံ၌ကျင်းပနေသည့် Yonex German Open 2023 ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ R32 အဆင့်ဖြင့်သာကျေနပ်ခဲ့ရကြောင်း သိရသည်။

သက်ထားသူဇာသည် ဂျာမန်အိုးပင်း ပြိုင်ပွဲတွင် လက်ရည်စစ်ပွဲအဆင့်မှ စတင်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး ပထမရက်တွင် ဟန်ဂေရီနိုင်ငံသူ Agnes KOROSI နှင့် ယှဉ်ပြိုင်ကစားခဲ့ရာ ၂၁ မှတ် ၉ မှတ်၊ ၂၁ မှတ် ၁၉ မှတ်တို့ဖြင့် သက်ထားသူဇာက အနိုင်ရရှိခဲ့သည်။

ကမ္ဘာ့အ‌ဆင့် ၅၆ ရှိ သက်ထားသူဇာသည် မတ်လ ၈ ရက် ကမ္ဘာ့အဆင့် ၂၁ ရှိ ကိုရီးယားနိုင်ငံသူ Kim Ga Eun နှင့် ယှဉ်ပြိုင်ကစားခဲ့ရခြင်းဖြစ်ပြီး ၂၁ မှတ် ၉ မှတ် ၂၁ မှတ် ၁၁ မှတ်တို့ဖြင့်ရှုံးနိမ့်ခဲ့သည်။

ဂျာမန်အိုးပင်းပြိုင်ပွဲသည် ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် (BWF)က ကျင်းပသည့် ပြိုင်ပွဲများအနက် Grade-2 အဆင့်ရှိ ပြိုင်ပွဲဖြစ်ပြီး HSBC BWF World Tour Super 300  ပြိုင်ပွဲဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here